Relationships: အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေကြတဲ့ ခြင်္သေ့နဲ့ ကျားကလေး

သူတို့အချင်းချင်း ချစ်ကြရုံသာမက အခြားတိရိစ္ဆာန်တွေကိုလည်း ရန်မပြုကြသေးပါဘူး။

play

 

ဂျပန်နိုင်ငံ အိုအီတာ ကျွန်းမှာရှိတဲ့ သဘာဝဘေးမဲ့တောကြီးထဲမှာ လသားအရွယ် ခြင်္သေ့ပေါက်လေးတစ်ကောင်နဲ့ ကျားလေးတစ်ကောင်ဟာ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်နေကြပါတယ်။ သဘာဝအရတော့ ခြင်္သေ့နဲ့ ကျားဆိုတာ တောဘုရင်တွေဖြစ်ပြီး တစ်ကောင်နဲ့တစ်ကောင် ပူးကပ်နေထိုင်လေ့ မရှိကြပါဘူး။

play

 

ဂျပန်နိုင်ငံထဲ အိုအီတာကျွန်းမှာ အာဖရိကဘေးမဲ့တိရိစ္ဆာန်ရုံကြီးတစ်ခု ရှိပါတယ်။ အဲဒီအထဲမှာ အခု တွေ့မြင်ရတဲ့ လသားအရွယ် ခြသေ့င်္လေးနဲ့ ကျားပေါက်လေးကို ဒီနှစ်အစောပိုင်းထဲမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဒီချစ်စရာ ဓာတ်ပုံတွေကို ဘေးမဲ့တော ဝန်ထမ်းတွေက ရိုက်ကူးခဲ့ပြီး တွစ်တာပေါ်မှာ မျှဝေခဲ့တာပါ။

play

 

ခြင်္သေ့နဲ့ကျား အတူဆော့ကစားနေတဲ့ ဓာတ်ပုံတွေ တွစ်တာပေါ်ရောက်လာပြီးနောက် အချင်းချင်းပြန်လည်ဝေမျှသူတွေ များစွာ ရှိခဲ့ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားလာတာပါ။

play

 

ထူးဆန်းတာက ဒီလသားအရွယ် ခြင်္သေ့နဲ့ကျားလေးဟာ အချင်းချင်းသူငယ်ချင်း ဖြစ်နေရုံတင်မကပါဘူး။

play
play

 

သဘာဝအရ သူတို့ရဲ့အစာအဖြစ်သတ်မှတ်ထားတဲ့ ယုန်ကလေးတွေကိုတောင် ရန်မပြုတာ တွေ့ရပါတယ်။ အရွယ်မရောက်သေးတဲ့ သားရဲတိရိစ္ဆာန်တွေ ဖြစ်နေသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

play
play
play

 

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ