Relationships: အသက်ထက်ဆုံး ပေါင်းသင်းရမယ့် ချစ်သူတွေဖြစ်ကြောင်း ပြနေတဲ့ လက္ခဏာ (၁ဝ) ရပ်

သင်တို့နှစ်ယောက် အချစ်ရေး ကောင်းမွန်ခိုင်မြဲအောင် အတူတကွကြိုးစားကြမယ်ဆိုရင် တကယ်ဖြစ်နိုင်ပါတယ်။

play

 

သင်တို့ချစ်သူနှစ်ဦးဟာ သေတပန်သက်တဆုံး အတူနေရမယ့်သူတွေလား။ အိုမင်းမစွမ်းဖြစ်တဲ့အချိန်အထိ တစ်ယောက်လက်တစ်ယောက် ခိုင်မြဲစွာ တွဲထားနိုင်မယ့်သူတွေလား။ သင်တို့နှစ်ယောက် အချစ်ရေး ကောင်းမွန်ခိုင်မြဲအောင် အတူတကွကြိုးစားကြမယ်ဆိုရင် တကယ်ဖြစ်နိုင်ပါတယ်။

ဒါတွေကတော့ သင်တို့နှစ်ယောက် အသက်ထက်ဆုံးပေါင်းသင်းရနိုင်တဲ့ လက္ခဏာရပ်တွေပါပဲ။

play

 

၁။ တစ်ယောက်ပြောချင်တာကို တစ်ယောက်က (အလိုအလျောက် နားလည်နေတယ်။

၂။ ဘယ်အချိန်ကြည့်ကြည့် သူဟာ ပထမဆုံးစတွေ့ချိန်တုန်းကလိုပဲ သင့်အတွက် ဆွဲဆောင်မှုကောင်းနေတုန်းပဲ။

၃။ ဘာစကားမှမပြောဘဲ ဒီအတိုင်းထိုင်နေရလည်း စိတ်ကသိကအောင့်မဖြစ်ဘူး။

၎။ သင့်ဘာသာရပ်တည်နိုင်တယ်။ (ရပ်တည်ချက်တစ်ခုအတွက် သူ့ကို ချစ်တာမဟုတ်ဘူး)

၅။ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်တယ်။

play

 

၆။ သူ့ရဲ့ထူးခြားချက်တွေ (ကြောင်တောင်တောင်နိုင်မှုတွေ) ကို စိတ်အနှောင့်အယှက်မဖြစ်ဘဲ ကြိတ်တောင် သဘောကျနေသေးတယ်။

၇။ ချစ်သူ ပီတိဖြစ်စေဖို့ နှစ်ယောက်စလုံးက အသေးအဖွဲလေးတွေမှာ ဂရုတစိုက်လုပ်ဖြစ်တယ်။

၈။ တစ်ယောက်နဲ့ တစ်ယောက် နက်နက်ရှိုင်းရှိုင်းနားလည်ပြီး ယုံကြည်မှုလည်း အပြည့်ရှိတယ်။

၉။ အခက်အခဲတွေကြုံလာတဲ့အခါ ထွက်မပြေးဘူး။ လက်တွဲပြီး ဖြေရှင်းတယ်။

၁၀။ သူမပါဘဲ သင့်ရဲ့ဘဝကို တွေးလို့တောင်မရဘူး။ (သူ့ဘက်ကလည်း အဲဒီအတိုင်းပဲ)

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ