Relationships: အရပ်ပုတဲ့ မိန်းကလေးတွေကို မပြောသင့်တဲ့ စကား (၇) မျိုး

, updated

သူလည်း အကျိုးမရှိ၊ တစ်ဖက်လူလည်း ခံရခက်မယ့် စကားကို ဘာကြောင့် ပြောကြမှန်း မသိကြပါဘူး။

play

 

"ထိုင်နေတုန်းက အရပ်ရှည်ကြီးထင်နေတာ"

ဒါမျိုး ကျွန်မ ခဏခဏ ကြားရပါတယ်။ ကြားရတဲ့ အချိန်တိုင်းလည်း အောင့်သက်သက်နဲ့ပါ။ သူလည်း အကျိုးမရှိ၊ တစ်ဖက်လူလည်း ခံရခက်မယ့် စကားကို ဘာကြောင့် ပြောကြမှန်း မသိကြပါဘူး။

play

 

"ဒေါက်ဖိနပ်ကြိုက်တယ်နော်"

ဒေါက်ဖိနပ် အမြဲဝတ်တာကပဲ အပြစ်တစ်ခုလို ဖြစ်နေပါတယ်။ ဒီလိုစကားမျိုးကို ကြားရတာ ကျွန်မက မဖြစ်နိုင်တာကြီးကို အတင်းလိုက်ကြိုးစားနေသလိုပါပဲ။ တခြားမိန်းကလေးတွေလည်း ဒေါက်ဖိနပ် ဝတ်နေကြတာပါပဲ။

"တစ်ချို့ ကောင်လေးတွေက ပုမှာကြိုက်တာ"

ကျွန်မ အရပ်ပုတာနဲ့ပဲ ကောင်လေး မရမှာ အမြဲစိုးရိမ်နေရတော့မယ့် ပုံပါ။

play

 

"အရပ်ရှည်တာထက် ပုတာကမှ ကောင်းသေးတယ်"

ဒီလို စကားမျိုးကလည်း ကျွန်မအတွက် မလိုအပ်ပါဘူး။ ဘယ်လိုမှ စိတ်သက်သာရာ မရစေပါဘူး။

"ကောင်းတဲ့ဘက်က တွေးကြည့်လေ၊ ကောင်လေးရလာရင် သူ့ထက် မြင့်မနေတော့ဘူးပေါ့"

ကိုယ့်ထက် အရပ်ရှည်တဲ့ ယောကျာ်းလေးကိုပဲ တွဲရမယ်လို့ ဘယ်သူမှ လာသတ်မှတ်မထားပါဘူး။ ကိုယ်အရပ်ပုနေတယ်ဆိုတာကိုပဲ ဒီစကားကြောင့် ပိုသတိထားမိသွားပါတယ်။

play

 

"ကန့်လန့်စင်းတွေ မဝတ်နဲ့နော်"

နင် ပုတာ လူသိကုန်မယ်နော်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။

play

 

"ဟိုတစ်ယောက်လည်း နင့်လိုပုတယ်"

ဘယ်မင်းသမီး၊ ဘယ်နာမည်ကျော်လည်း နင့်လိုပုတယ်ဆိုပြီး ခိုင်းနှိုင်းပြောတာက မလိုအပ်ပါဘူး။  ကိုယ့်ဘဝကိုယ် ကျေနပ်ပါတယ်။

Photos & Source: Bustile

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ