Relationships: ဘဝရဲ့ နောက်ဆုံးအချိန်အထိ လက်တွဲမဖြုတ်ပဲ အတူရှိခဲ့တဲ့ ဇနီးမောင်နှံ

အဘွားဖြစ်သူ မကွယ်လွန်ခင်နာရီပိုင်းအလိုမှာ ရိုက်ကူးပေးခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။

play

 

၇၇ နှစ်လုံးလုံး တစ်ယောက်နဲ့တစ်ယောက် မခွဲခွါပဲ ဘဝရဲ့နောက်ဆုံးအချိန်မှာတောင် လက်တွဲမဖြုတ်သွားတဲ့ ဇနီးမောင်နှံနှစ်ဦးအကြောင်း လူမှုကွန်ယက်မှာ လူပြောများခဲ့ပါတယ်။

အဆိုပါဇနီးမောင်နှံရဲ့ မြေးမလေးဖြစ်သူက ဒီဓာတ်ပုံကို ရိုက်ကူးပြီး Reddit ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ သူမရဲ့ အဘွားမသေခင် နာရီပိုင်းလေအလိုမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ သူမရဲ့ အဘိုးဖြစ်သူဟာ အသက် ၁၀၀ ရှိပြီဖြစ်ပြီး အဘွားဖြစ်သူကတော့ ၉၆ နှစ်ရှိပြီလို့ ရေးသားထားပါတယ်။

play

 

သက်တမ်းတစ်လျှောက်မှာ ဒီဓာတ်ပုံဟာ သူ့အတွက်တော့ ဝမ်းနည်းစရာ အကောင်းဆုံး ဓာတ်ပုံဖြစ်တယ်လို့ မြေးဖြစ်သူက ဓာတ်ပုံတင်တဲ့ပို့စ်ထဲမှာရေးသားဖော်ပြထားပါတယ်။ ဝက်ဘ်ဆိုက်အသုံးပြုသူ အများစုကတော့ ဒီဓာတ်ပုံထဲက ဇနီးမောင်နှံအတွက်၊ ကျန်ရစ်ခဲ့တဲ့ အဘိုးအိုအတွက် ဝမ်းနည်းစကားတွေ ပြောခဲ့ကြပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ