Relationships: တကယ်ချစ်မှသာ လက်ခံနိုင်မယ့် အမျိုးသားတွေနဲ့ ပတ်သက်တဲ့အရာ (၉) ခု

, updated

တကယ်မချစ်ရင် ဒီအချက်တွေကို စိတ်ပျက်စရာလို့ အမြဲမြင်မိပါလိမ့်မယ်။

play

 

လူတိုင်းမှာ ကိုယ်လက်မခံနိုင်တဲ့ အပြုအမူတွေ၊ ဘဝပုံစံတွေ အနည်းနဲ့ အများဆိုသလို ရှိနေတတ်ပါတယ်။ ဒါပေမဲ့ ကိုယ်တကယ်ချစ်မြတ်နိုးသူ မှန်ရင် ဒီလို စိတ်ပျက်စရာအချက်တွေကို သင်လက်ခံနိုင်ဖို့ ကြိုးစားမှာပါ။

၁။ သူ့ရဲ့စိတ်ပျက်စရာ မိသားစု

play

 

သင့်ချစ်သူမှာ အာဏာအမြဲပေးတဲ့ မိခင် ဒါမှမဟုတ် ဖခင် ရှိချင်ရှိမယ်။ အမြဲတမ်း မူးပြီး ပြဿနာရှာတတ်တဲ့ အစ်ကိုတစ်ယောက် ရှိချင်ရှိမယ်။ အဲဒီလိုလူတွေကို အော်ဟစ်မောင်းထုတ်ပစ်လိုက်ချင်ပေမဲ့ သင်တကယ်ချစ်မိပြီဆိုရင် အဆင်ပြေအောင်နေတတ်ဖို့ နည်းလမ်းရှာမှာပါ။

၂။ သူ့ရဲ့ဆိုးရွားတဲ့ အိပ်စက်ပုံ

play

 

သူဟာ အိပ်ရင် ဟောက်တတ်တဲ့သူ ဒါမှမဟုတ် ယောင်တတ်တဲ့သူ ဒါမှမဟုတ် တီဗွီဖွင့်ထားမှ အိပ်တတ်သူ ဒါမှမဟုတ် အိပ်ရာတစ်ခုလုံး တစ်ယောက်တည်းမောင်ပိုင်စီးလိုသူ စတဲ့ အကျင့်ဆိုးတစ်ခုခု ပိုင်ဆိုင်ထားသူ ဖြစ်နေနိုင်ပါတယ်။ ပထမမှာတော့ တစ်ဘဝလုံး

ဘယ်တော့မှ ကောင်းကောင်းအိပ်ရတော့မှာမဟုတ်ဘူးလို့ သင်ထင်နေမှာ မှန်ပေမဲ့ နောက်ပိုင်းမှာ သူဘေးမှာအိပ်ရမှ ကိုယ့်အိမ်မှာနေရသလို သင်ခံစားရပါလိမ့်မယ်။

၃။ သူ့ရဲ့ရေချိုးသန့်စင်မှုပုံစံ

play

 

သူ သန့်စင်ခန်းသုံးပြီးရင် နံစော်ကျန်ခဲ့တာမျိုးကို သင်စိတ်ပျက်ကောင်း ပျက်မိမှာပါ။ ဒါပေမဲ့ သူကတော့ သင်ရေချိးချိန် ကြာတာ၊ အလှအကြာကြီး ပြင်တာကို မငြိုမငြင်ရှိနေတဲ့အတွက် သူ့ရဲ့ဒီအကျင့်ဆိုးကို သင်စိတ်ထဲမှာ မထားတော့ပါဘူး။

၎။ ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး အတွေးအမြင်မတူခြင်း

play

 

သင်က ပိုက်ဆံစုချင်ချိန်မှာ သူက ငွေသုံးချင်တယ်။ ငွေကြေးဟာ ဆက်ဆံရေးတိုင်းမှာ အဓိကပြဿနာကြီးတစ်ရပ် ဖြစ်နေတတ်ပါတယ်။ နှစ်ယောက်စလုံး ပိုက်ဆံအသုံးကြမ်းသူတွေ ဖြစ်နေသည့်တိုင် သူသုံးချင်တဲ့ နေရာမှာ သင်မသုံးချင်ပါဘူး။ ဒါပေမဲ့ သူလည်းကျေနပ်မယ့် နည်းလမ်းကောင်းကို သင်ရှာဖွေတွေ့ရှိပါလိမ့်မယ်။

၅။ ရန်ဖြစ်ခြင်း

play

 

အရင်ရည်းစားတွေနဲ့တုန်းက ရန်တစ်ခါဖြစ်တိုင်း ပိုပိုစိတ်ပျက်လာခဲ့ပေမဲ့ သူနဲ့ကျတော့ သင်အဲဒီလို မခံစားရပါဘူး။ သူမှားချင်မှားမယ်၊ သင်မှားချင်မှားမယ် ဘယ်လို ပြဿနာပဲဖြစ်ဖြစ် ရန်တစ်ခါဖြစ်ပြီးတိုင်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုပိုရလာပါတယ်။

၆။ သူ့ရဲ့ဝတ်စားပုံ

play

 

သင်နဲ့ မတွေ့ခင်က သူဘယ်လိုများ နေထိုင်ခဲ့ပါလိမ့်လို့ တွေးနေမိလိမ့်မယ်။ သူ့ကို စူပါမားကတ်တွေ ခေါ်သွားပြီး သူနဲ့ လိုက်ဖက်ကြည့်ကောင်းမယ့် အဝတ်အစားတွေကို ဝယ်ပေးဖို့ ကြိုးစားမယ်။ ဒါပေမဲ့ သူကတော့ အမြဲဝတ်နေကျ တီရှပ်အစုတ်ကိုပဲ ဝတ်နေတုန်းပဲ။ ဒါပေမဲ့ သင်နဲ့အတူ လျှောက်လည်ချင်ရင်တော့ သင်ဆင်ပေးတဲ့ အဝတ်အစားတွေကို သင်စိတ်ကျေနပ်အောင် ဝတ်လာလိမ့်မယ်။ ဒီလိုနဲ့ပဲ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုယူရပါတယ်။ ဒါမှသာ ရေရှည်ခိုင်မြဲတဲ့အချစ် ဖြစ်မှာလေ။

၇။ သူ့ရဲ့သူငယ်ချင်းတွေ

play

 

ယောက်ျားလေးတိုင်းမှာ သူတို့ရည်းစား ဘယ်လိုမှ ကြည့်မရတဲ့ သူငယ်ချင်းတစ်ယောက်တော့ အမြဲရှိပါတယ်။ ဒါပေမဲ့ သင် တကယ်ချစ်မိပြီဆိုရင် သူသံယောဇဉ်ရှိတဲ့ သူငယ်ချင်းကိုလည်း လက်ခံရပါတော့တယ်။

၈။ နေမကောင်းတဲ့အခါ ကလေးလိုဖြစ်သွားခြင်း

play

 

သူ့ကို အဖျားတိုင်းပေးရတယ်၊ စွပ်ပြုတ်ကိုယ်တိုင်တိုက်ရတယ်။ ကိုယ်နည်းနည်းပူတာနဲ့ပဲ သေတော့မယ့်လူမမာလို လုပ်နေတတ်တဲ့သူ့ကို စိတ်ရှည်ရှည်နဲ့ သင့်မှာ ပြုစုရပြန်ပါတယ်။

၉။ သူ့ရဲ့အားနည်းချက်တွေ

play

 

လူတိုင်းမှာ အားနည်းချက်တွေ၊ ပြစ်ချက်တွေ ကိုယ်စီရှိတတ်ကြပါတယ်။ သင်သာ သူ့ကို တကယ်ချစ်တယ်ဆိုရင် သူ့ရဲ့ပြစ်ချက်တွေကိုပါ ချစ်တတ်သွားပြီး သူ့ရဲ့ အားနည်းချက်တွေအတွက် သနားဂရုဏာ ပိုမိပါလိမ့်မယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ