Relationships: တစ်သက်တာ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြမယ့် ကျားသစ်လေးနဲ့ ခွေးလေး

, updated

ချစ်စရာကောင်းလွန်းလှတဲ့ဓာတ်ပုံလေးတွေပါ။

play

 

၁၀ ပတ်အရွယ် ချီတာကျားသစ်ပေါက်လေးဟာ ၇ ပတ်သား ခွေးလေးနဲ့ သူငယ်ချင်းဖြစ်နေတာ အရမ်းကို ချစ်စရာကောင်းလှပါတယ်။

play

 

ကျားသသစ်ကလေး အမ်းမက်ဟာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားခဲ့ပြီးတဲ့နောက် သူ့ကို ကိုလမ်ဘတ်စ် တိရစ္ဆာန်ရုံနဲ့ ငါးပြတိုက်ကို ရွှေ့ပြောင်းခဲ့ပါတယ်။

play

 

အဲဒီမှာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းသစ် ခွေးလေး ကူလန်နဲ့ စတွေ့ခဲ့တာ ဖြစ်ပါတယ်။

play

 

"သစ်ကျူတ်တွေဟာ ပုံမှန်မှာ ရှက်ရွံ့တတ်တဲ့အတွက် ကျားသစ်အမ်းမက် သူ့ကိုယ့်သူ ယုံကြည်မှု ပိုရှိအောင်နဲ့ တည်ငြိမ်လာအောင် ကူလန်က ကူညီမှာပါ။ အမ်းမက်က Jungle Jack Hanna ရဲ့အဖွဲ့နဲ့ တောထဲကို လိုက်ရမှာ ဖြစ်ပြီး တောထဲက သူ့မျိုးနွယ်တွေရဲ့ သံတမန်အဖြစ် ရှိမယ့်သူဖြစ်ပါတယ်။ ကူလန်ကတော့ အမ်းမက်နဲ့ ထပ်ကြပ်မခွာ လိုက်ရမယ့်သူပေါ့" လို့ ကိုလမ်ဘတ်စ်တိရစ္ဆာန်ရုံက ပြောပါတယ်။

play

 

သဘာဝအရ ဘယ်လိုမှ အဖော်သဟဲမဖြစ်နိုင်တဲ့ တိရစ္ဆာန်နှစ်ကောင်ကို အခုလို အတူတကွထားရခြင်းအကြောင်းကို ယင်းတိရစ္ဆာန်ရုံရဲ့ တိရစ္ဆာန်ပရိုဂရမ်ဒါရိုက်တာ ဆူဇီရက်ပ်က အခုလို ရှင်းပြခဲ့ပါတယ်။

"ခွေးပေါက်လေးတွေကို ကျားပေါက်လေးတွေနဲ့ အတူထားရင် သဘာဝဆိုတာကို ကျားပေါက်လေးတွေ သတိထားမိမှာ မဟုတ်ဘူး။ ခွေးပေါက်လေးက သူတို့ရဲ့ညီအစ်ကို မောင်နှမလို့ပဲ ထင်ကြလိမ့်မယ်"

ှSource & Photos : metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ