Relationships: အသက် ထက်ဝက်ငယ်တဲ့ အမျိုးသား ၁၀၀ ကျော် နဲ့ တွဲခဲ့တဲ့ အသက် ၅၀ ကျော် အမျိုးသမီး

သူမအသက်က အခု ၅၆ နှစ်ရှိနေပါပြီ။

play

 

ဂေနာအီဗန်ဆိုတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးကြီးဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ သူမထက် ငယ်ရွယ်သူ အမျိုးသား ၁၀၀ ကျော်နဲ့ ဒိတ်လုပ်ခဲ့ပါတယ်။

play

အသက်ထက်ဝက်ငယ်တဲ့ ကောင်လေးတွေနဲ့ ဒိတ်လုပ်ရတဲ့အတွက် စိတ်တွေတက်ကြွပြီး စွမ်းအားတွေ တိုးလာတယ်လို့ သူမက ဆိုပါတယ်။

သူမထက် အသက် ၃၀ ငယ်ရွယ်တဲ့ အမျိုးသားများနဲ့ တွဲနေတဲ့ မြေး ၃ ယောက်အဘွား ဂေနာဟာ ငယ်ရွယ်သူတွေနဲ့ ဒိတ်လုပ်ရတဲ့ အကျိုးကျေးဇူးတွေကို ပြောပြခဲ့ပါတယ်။

play

"သူတို့တွေက ငယ်ရွယ်တယ်၊ သန်စွမ်းတယ်၊ ပျော်တတ်တယ်" လို့ သူမက ဆိုပါတယ်။

ဂေနာဟာ ညဘက်အပြင်လျှောက်လည်ခြင်း၊ ငယ်ရွယ်သူတွေနဲ့ ဒိတ်လုပ်နိုင်တဲ့ ဝက်ဘ်ဆိုဒ်တွေကို အသုံးပြုခြင်းတို့ကနေတစ်ဆင့် ကောင်လေးငယ်ငယ်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

play

 

သူတို့ကို ချည်နှောင်ဖို့ မကြိုးစားတဲ့အတွက် အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတွေကို အမျိုးသားတွေက သဘောကျကြတယ်လို့ ကလေးဆန်တဲ့ သူမရဲ့မျက်နှာကြောင့် စန်းပွင့်လှတဲ့ ဂေနာက ဆိုပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ