Relationships: ဘယ်လိုမှ ခွဲထားလို့မရတဲ့ ခိုနဲ့ ယုန်

နှစ်ကောင်စလုံး မိဘမဲ့လေးတွေ ဖြစ်ပါတယ်။

play

 

ယုန်ပေါက်ကလေး ဘန်နီဟာ အိုင်ယာလန်မှာရှိတဲ့ Kildare Animal Foundation Wildlife Unit ကို ရောက်လာစဉ်မှာ အရမ်းကို ငယ်သေးပြီး ချက်ကြိုးတန်းလန်းနဲ့ပဲ ရှီပါသေးတယ်။

သေးငယ်ပြီး အားနည်းလွန်းလှတဲ့ မိဘမဲ့ ယုန်ပေါက်လေးအဖို့ အသက်ရှင်သန်ဖို့ မျှော်လင့်ချက် နည်းပါးလွန်းလှတဲ့အတွက် ဝန်ထမ်းတွေက သူ့ကို အနွေးသေတ္တာတစ်လုံးထဲကို ထည့်ထားကြည့်လိုက်ကြပါတယ်။

နောက်ရက်အနည်းငယ်အကြာမှာ နောက်ထပ်ပြဿနာတစ်ခု ပေါ်လာပါတယ်။

ခိုသိုက်တစ်ခု မြေပေါ်ပြုတ်ကျနေပြီး အကောင်မပေါက်သေးတဲ့ ဥတစ်လုံးနဲ့ ခိုပေါက်စလေးတစ်ကောင်ကို အမျိုးသမီးတစ်ဦးက တွေ့လာပါတယ်။ အကောင်မပေါက်သေးတဲ့ ဥက အေးစက်သွားပြီဖြစ်တဲ့အတွက် ဘယ်လိုမှ မကောင်မပေါက်နိုင်ပေမဲ့ ခိုပေါက်လေးကိုတော့ အနွေးသေတ္တာထဲ ထည့်ပေးလိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။ ဒါပေမဲ့ အဖြစ်အပျက်တွေက ချိန်ကိုက်ဖြစ်ပေါ်နေတော့ အခက်အခဲအချို့ရှိနေခဲ့ပါတယ်။

ခိုလေးအတွက် အနွေးသေတ္တာက အရေးပါသလို ယုန်လေးအတွက်လည်း လိုအပ်နေတဲ့တွက် နောက်ဆုံးမှာ သူတို့ကို အနွေးသေတ္တာတစ်ခုထဲမှာပဲ ထည့်ပြီး သီးသန့်စီဖြစ်နေစေဖို့ ကြားမှာ အတားအဆီးတစ်ခုထားလိုက်ဖို့ ဝန်ထမ်းတွေက ဆုံးဖြတ်လိုက်ရပါတယ်။

play

 

နှစ်ကောင်စလုံးကို အစာကျွေးမွေး ဂရုစိုက်ပြီး သူတို့နှစ်ကောင်တည်း ညဘက်ထားခဲ့ကြပါတယ်။ နောက်နေ့မနက်မှာတော့ သူတို့ကြားက အတားအဆီးဟာ ကျိုးသွားပြီး နှစ်ကောင်သား ပူးကပ်နေတာကို အံ့သြဖွယ် တွေ့ရှိရပါတော့တယ်။ အဲဒီကတည်းက ယုန်လေးနဲ့ ခိုလေးဟာ ဘယ်လိုမှ ခွဲလို့မရဘဲ အစာစားပြီးတိုင်း တစ်ကောင်နဲ့ တစ်ကောင် ပွေ့ဖက်ထားပါတယ်။

အရွယ်ရောက်လာသည့်တိုင် သူတို့ဟာ အတူတူဆော့ကစားကာ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

" အခု နှစ်ကောင်စလုံးဟာ ကျန်းမာရေးကောင်းနေပြီ။ သူတို့တွေ သီးသန့် ကစားတယ်၊ စားတယ်။ ဒါပေမဲ့ အားလုံးပြီးသွားရင်တော့ အတူတူအိပ်တော့တာပဲ" လို့ ယင်းအဖွဲ့ရဲ့မန်နေဂျာက ပြောပြခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ