Relationships: ကင်ဆာရောဂါခံစားနေရတဲ့ ဆရာ့အတွက် ကျောင်းသား ၄၀၀ ကျော်က သီချင်းဆိုအားပေး

play

 

ဘန်အဲလစ်ဟာ ၂၀၀၈ ခုနှစ်ကတည်းက နာ့ရှ်ဗိုင်းက သင်တန်းတစ်ခုမှာ လက်တင်ဘာသာကို သင်ကြားပေးနေခဲ့တာပါ။ သူဟာ ခုဆို ကင်ဆာရောဂါခံစားနေရလို့ စာမသင်နိုင်တာ့ပါဘူး။ အိမ်မှာသာ နေနေရပါတော့တယ်။

play

 

ပြီးခဲ့တဲ့သီတင်းပတ်က ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေက သူ့ရဲ့အိမ်ရှေ့ကို သွားရောက်ပြီး သီချင်းသီဆိုကာ အားပေးခဲ့ကြပါတယ်။ အလယ်တန်းအဆင့် ကျောင်းသူကျောင်းသားနဲ့ ဆရာတွေ ဝန်ထမ်းတွေအပါအဝင် လူပေါင်း ၄၀၀ ကျော်တဲ့ လူအုပ်ကြီးဟာ မစ္စတာ အဲလစ်အတွက် သီချင်းဆိုပေးခဲ့ကြတာပါ။

play

 

မစ္စတာအဲလစ်ကတော့ အိမ်ပြတင်းပေါက်လေးကနေ သူ့အတွက် ဓမ္မတေးတွေ သီဆိုပေးနေကြတဲ့လူအုပ်ကြီးကို ပီတိဖြာတဲ့အကြည့်တွေနဲ့ကြည့်ကာ သီချင်းလေးလိုက်ညည်းခဲ့ပါတယ်။

play

 

ဒီလိုကြည်နူးစရာဖြစ်ရပ်လေးကို အဆိုတော် တင်မ် မက်ဂရောက ဗီဒီယိုရိုက်ကူးထားပြီး သူ့ရဲ့ဖေ့စ်ဘွတ်ပေါ် တင်လိုက်ပါတယ်။ ယင်းဗီဒီယိုဟာ သုံးရက်အတွင်းမှာတင် အကြိမ်ရေ ၂၃ သန်းကျော် ကြည့်ရှုခြင်းခံခဲ့ရပြီး သတင်းဌာနတွေကလည်း ပြန်လည်ရေးသားဖော်ပြနေကြပါတယ်။

Source : Tim McGraw Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ