Relationships: အိမ်ထောင်ရေးပြိုကွဲကြရတဲ့ အဓိကအကြောင်းရင်း (၂) ခု

ယခုခေတ်မှာ အိမ်ထောင်ရေးဆိုတာ အရှုပ်ထွေးဆုံးအရာတစ်ခု ဖြစ်ပါတယ်။

play

 

စားဝတ်နေရေး ခက်ခဲလှပြီး ယောက်ျားနဲ့ မိန်းမ ရင်ဘောင်တန်း အလုပ်လုပ်ကိုင်နေရတဲ့ ဒီခေတ်ကြီးမှာ အိမ်ထောင်ရေးတစ်ခု ပြိုကွဲဖို့ဆိုတာလည်း ဟိုးယခင်ကထက် ပိုမိုလွယ်ကူနေပြန်ပါတယ်။ 

နယူးယော့ခ်က သုတေသနပြုမှုတစ်ခုအရ အိမ်ထောင်တစ်ခု ပြိုကွဲရတဲ့ အဓိကအကြောင်းရင်းက နှစ်ခုပဲ ရှိတယ်လို့ ဆိုပါတယ်။

၁။ ပဋိပက္ခကို ရှောင်ခြင်း

play

ရန်မဖြစ်တဲ့အတွက် အဆင်ပြေနေတယ်လို့ ယူဆရပေမဲ့ မကျေနပ်ချက်ကို ထုတ်ပြောလိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို ကြောက်ရွံ့လို့ ဘာမှမပြောဘဲနေလိုက်ခြင်းအားဖြင့် မကျေနပ်ချက်တွေက ရင်ထဲမှာ အစိုင်အခဲ ဖြစ်ကာ နောက်ဆုံးမှာ အိမ်ထောင်ရေး ပြိုကွဲတဲ့အထိ ဖြစ်ရတယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေမျိုးဖြစ်တတ်သူတွေဟာ တစ်ဦးက လွှမ်းမိုးချုပ်ကိုင်လိုသူဖြစ်ပြီး တစ်ဦးက လွှမ်းမိုးခံရသူဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လွှမ်းမိုးခံရသူက ဘယ်လိုမှ သည်းမခံနိုင်လောက်အောင် ဖြစ်ရတာပါ။

၂။ ရန်လိုခြင်း

play

 

အမြဲတမ်း တစ်ဦးနဲ့တစ်ဦး အပြစ်ရှာနေခြင်းဟာလည်း အိမ်ထောင်ရေးပြိုကွဲဖို့ ဦးတည်နေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။

အိမ်ထောင်ဖက်ဆိုတာ ရန်သူတွေ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးရမယ့် ဘဝလက်တွဲဖော်တွေပါ။ အဲဒီလိုမှ မဟုတ်ဘဲ နင် ဒီလိုလုပ်ရင် ငါဒီလိုလုပ်မယ်ဆိုပြီး တစ်ယောက်ရဲ့ ခြေလှမ်းအမှား ကို တစ်ယောက်က စောင့်ကြည့်အပြစ်ရှာနေမယ်ဆိုရင် စိတ်ကျဉ်းကျပ်မှုတွေကြောင့် နောက်ဆုံးမှာ လမ်းခွဲရတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ