Relationships: ဓာတ်လှေကားပျက်သွားလို့ ၇ လွှာကို ကရိန်းနဲ့တက်ခဲ့ရတဲ့ မင်္ဂလာမောင်နှံ

အသစ်စက်စက်မောင်နှံကို ကန်ထရိုက်တာက စိတ်မပျက်စေခဲ့ပါဘူး။

play

 

တူရကီနိုင်ငံက ကြင်စဦးဇနီးမောင်နှံဟာ တမင်သက်သက် အထူးအဆန်းလုပ်ပြတာမျိုးမဟုတ်ဘဲ လူတွေကို စိတ်ဝင်တစား ဖြစ်စေခဲ့ပါတယ်။

မင်္ဂလာဦးညကိုဖြတ်သန်းရမယ့် သူတို့ရဲ့တိုက်ခန်းက ၇ လွှာမှာရှိပြီး ဓာတ်လှေကားက ပျက်နေခဲ့တာပါ။ ၇ လွှာအမြင့်ကို ခြေကျင်တက်ပြီး စိတ်ညစ်ရတာမျိုးမဖြစ်ရအောင် တိုက်ခန်းကန်ထရိုက်တာက စီစဉ်ပေးခဲ့ပါတယ်။ သူက ကရိန်းတစ်ခုကိုစီစဉ်ထားခဲ့ပြီး မင်္ဂလာမောင်နှံရဲ့တိုက်ခန်းရှိရာ ခုနစ်လွှာအမြင့်ကို ပို့ဆောင်ပေးခဲ့တာပါ။

play

 

ဖြစ်ကတတ်ဆန်းလုပ်တာမဟုတ်ဘဲ ပန်းရောင်ဖဲကြိုးတွေနဲ့ အလှဆင်ပေးပြီးမှ သေသေချာချာပို့ပေးခဲ့လို့ အနီးဝန်းကျင်ကလူတွေတောင် သဘောတကျနဲ့ ဝိုင်းဝန်းအားပေးခဲ့ကြပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ