Relationships: ယောက်ျားလေးတစ်ယောက်ကို လက်ဆောင်ပေးမယ်ဆိုရင် စဉ်းစားသင့်တဲ့ အချက် (၃) ချက်

သံယောဇဉ်ငြိတွယ်တဲ့ပစ္စည်း ဖြစ်ရပါမယ်။

play

 

၁ - ဈေးကြီးစရာ မလို

ဈေးကြီးတဲ့ပစ္စည်းကိုဝယ်ပေးမှ  သင့်ကို ပိုတန်ဖိုးထားလာမယ်ဆိုတာ မဟုတ်ပါဘူး။ ပိုက်ဆံဖြုန်းနိုင်ပေမဲ့လည်း အခြေအနေအရပဲ ဖြစ်သင့်ပါတယ်။။

play

 

၂ - ခဏခဏ ပေးစရာမလို

လက်ဆောင်တွေ ခဏခဏ ဝယ်ပေးတာက သင်ပေးတဲ့ လက်ဆောင်တစ်ခုချင်းစီရဲ့ နောက်ကွယ်က တန်ဖိုးတွေကို လျော့ကျသွားစေပါတယ်။ လူတွေရဲ့ ထုံးစံအတိုင်း လွယ်လွယ်နဲ့အများကြီးရတာကို တန်ဖိုးမထားတတ်ပါဘူး။ ဖြစ်သင့်တာက သေချာစဉ်းစားပြီး ထိရောက်တဲ့လက်ဆောင်တစ်ခုကို မှတ်မှတ်ရရ ပေးသင့်ပါတယ်။

play

 

၃ - စဉ်းစားရမယ့်အချက်

ပေးမယ့်လက်ဆောင်ကို ရွေးတော့မယ်ဆိုရင် အချက် ၂ ချက်စဉ်းစားပါ။ လက်ဆောင်ပစ္စည်းဟာ အသုံးဝင်ရပါမယ်။ သူ့နဲ့ ကိုယ့်ကြားမှာ အမှတ်တရဖြစ်စေပြီး သံယောဇဉ်ငြိတွယ်တဲ့ပစ္စည်း ဖြစ်ရပါမယ်။ ဥပမာ - ဘောပင်တွေ၊ နားကြပ်ကြိုးတွေနဲ့ စတဲ့ပစ္စည်းလေးတွေကို ကျောပိုးအိတ်ထဲ အလွယ်တကူ ပစ်ထည့်ထားတာကြောင့် ပစ္စည်းတစ်ခုရှာတိုင်း ရှုပ်ထွေးနေတတ်တဲ့လူကို အားလုံးပေါင်းထည့်လို့ရတဲ့ အိတ်လေးတစ်လုံး လက်ဆောင်ပေးတာမျိုးပါ။ သူသုံးချင်မှ သုံးပေမဲ့လည်း အဲ့လိုရှာရတဲ့အချိန်တိုင်း သင့်ကို သတိရမှာပါ။

Photos & Source : The Feminine Women

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ