Relationships: ခံစားလွယ်သူတွေမှာ တွေ့ရတဲ့ လက္ခဏာ (၇) ခု

, updated

ဝေဖန်မှုတွေကို သူများထက် စိတ်မှာ မှတ်ထားတတ်ပါတယ်။

play

 

၁ - အငိုလွယ်

အလွယ်တကူငိုပါတယ်။ ဒီလိုငိုလို့ အလုပ်လုပ်တဲ့နေရာမှာ၊ ရည်မှန်းချက်ထားတဲ့နေရာမှာ ပျော့ညံ့သူတွေလို့တော့ မထင်လိုက်ပါနဲ့။ ခံစားလွယ်တာကြောင့် ငိုတာဖြစ်ပါတယ်။ ဝမ်းနည်းတဲ့အခါမှာလည်း အလွယ်တကူ မျက်ရည်ကျတတ်သလို၊ အလွန်ပျော်ရင်လည်း မျက်ရည်ကျသူမျိုးတွေပါ။

၂ - ဆူညံသံ

ဘောပင်နှိပ်နေတာမျိုး၊ ဆူညံသံတစ်သံကို အမြဲလုပ်နေတာမျိုးတွေဟာ သူတို့ဆီမှာ အကျင့်တစ်ခုအနေနဲ့ ရှိတတ်ပါတယ်။

play

 

၃ - စကား

စကားပြော ရိုင်းတတ်ပါတယ်။ သူတို့အကြောင်းသိသွားရင်တော့ သာမန်လူတွေထက် ပေါင်းရပိုလွယ်ပါတယ်။

၎ - ဝေဖန်မှု

ဝေဖန်မှုတွေကို သူများထက် စိတ်မှာ မှတ်ထားတတ်ပါတယ်။ ဝေဖန်မှုတွေကို သူ့ဘာသူ အတွေးပွားပြီး ကြီးကြီးမားမား ခံစားတတ်ပါတယ်။ မလိုအပ်ဘဲ သူတို့ကို မဝေဖန်တာအကောင်းဆုံးပါပဲ။

၅ - ဆုံးဖြတ်ချက်

ဆုံးဖြတ်ချက်ချတာ မြန်တတ်ကြပါတယ်။

play

 

၆ - ပါးနပ်

လုပ်ငန်းခွင်တစ်ခုမှာ၊ စာသင်ခန်းတစ်ခုမှာ တစ်စုံတစ်ယောက်ရဲ့ စိတ်ခံစားချက်အပြောင်းအလဲကို အခြားလူတွေထက် သိတာ မြန်ပါတယ်။ စိတ်ခံစားချက်တွေနဲ့ ပတ်သက်ရင် သူတို့က အရမ်းပါးနပ်ပါတယ်။

၇ - ပြင်လို့မရ

ခံစားလွယ်သူမှန်း ကိုယ့်ကိုယ်ကိုယ် သိပေမဲ့ ပြင်လို့ မရဘူးဖြစ်နေပါတယ်။

Photos & Source: Huffington Post

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ