Relationships: စနိုးဝှိုက်ပြဇာတ်မှာ ဖူးစာဆုံပြီး မင်္ဂလာပွဲဆင်နွှဲခဲ့ကြတဲ့ လူပုလေးစုံတွဲ

၂၀၁၂ ခုနှစ်က စနိုးဝှိုက်နဲ့ လူပုလေး ခုနစ်ယောက် ပြဇာတ်ကပြရင်း ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

play


လော်ရာနဲ့နေသန်တို့က စနိုးဝှိုက်ပြဇာတ်မှာ ပါဝင်ကပြခဲ့ကြရင်း ဖူးစာဆုံခဲ့ကြတဲ့ လူပုလေးစုံတွဲ ဖြစ်ပါတယ်။ အခုအခါ သူတို့စုံတွဲက လက်ထပ်မင်္ဂလာပွဲကို အသက် ၂ နှစ်ခွဲအရွယ် သားဖြစ်သူနဲ့အတူ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါတယ်။

play
လော်ရာနဲ့ နေသန်တို့ရဲ့ ၂ နှစ်ခွဲအရွယ် သားငယ်


အမျိုးသမီးဖြစ်သူ လော်ရာက အရပ်အမြင့် ၄ ပေနဲ့ ၂ လက်မသာရှိပြီး အမျိုးသားဖြစ်တဲ့ နေသန်က အရပ်အမြင့် ၃ ပေ ၁၁ လက်မသာ ရှိပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၂ ခုနှစ်က စနိုးဝှိုက်နဲ့ လူပုလေး ခုနစ်ယောက် ပြဇာတ်ကပြရင်း ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

play


ပြဇာတ်ထဲမှာ နေသန်က Grumpy နေရာက သရုပ်ဆောင်ခဲ့ပြီး လော်ရာကတော့ Soppy နေရာက သရုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

play


နေသန်ဂျူနီယာလို့ အမည်ပေးထားတဲ့ သူတို့စုံတွဲရဲ့ သားဖြစ်သူက မတူညီတဲ့ လူပုပုံသဏ္ဌာန်နှစ်ခုနဲ့အတူ မွေးဖွားလာခဲ့ပါတယ်။

play


မိခင်ထံမှ anachondaplasia နဲ့ ဖခင်ထံမှာ pseudochondaplasia ခေါ် လူပုပုံသဏ္ဌာန် နှစ်မျိုးလုံး နေသန်ဂျူနီယာထံမှာ ပါရှိလာခဲ့ပါတယ်။

play


လော်ရာနဲ့နေသန်တို့စုံတွဲ ကလေးယူမယ်လို့ ပြင်ဆင်ကြတဲ့အခါ ဆရာဝန်တွေက မလွယ်ကူကြောင်းနဲ့ တစ်ကယ်လို့ ကလေးမွေးဖွားလာပါကလည်း နာရီအနည်းသာ အသက်ရှင်နိုင်ကြောင်း ခန့်မှန်းထားခဲ့ကြတာ ဖြစ်ပါတယ်။

play


ဒါပေမဲ့ သူတို့နှစ်ဦးက သူတို့ရဲ့ ယုံကြည်မျှော်လင့်ချက်တွေကို မစွန့်လွှတ်ခဲ့ဘဲ နေသန်ဂျူနီယာကို မွေးဖွားခဲ့ကြပါတယ်။ အခုတော့ သူတို့ရဲ့ သားဖြစ်သူနဲ့အတူ မင်္ဂလာပွဲကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ