Relationships: အပျိုညပါတီတွင် သူစိမ်းနှင့် အနမ်းခြွေမိသည့် သူတို့သမီး၏ မင်္ဂလာပွဲပျက်

အရက်မူးပြီး ဒီလိုအမှားမျိုး လုပ်ခဲ့မိတာကြောင့် မင်္ဂလာပွဲပျက်သွားပါတယ်။

play

 

နောက်တစ်ရက်မှာ မင်္ဂလာဆောင်တော့မယ့် သူတို့သမီးတစ်ဦးဟာ မင်္ဂလာမဆောင်ခင် နောက်ဆုံး အပျိုနေ့ကို သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး ပါတီပွဲဆင်နွှဲပြီးနောက် မင်္ဂလာပွဲ ပျက်သွားခဲ့ပါတယ်။ အကြောင်းကတော့ သူမဟာ ပါတီပွဲမှာ တွေ့တဲ့ သူစိမ်းယောက်ျားတစ်ဦးနဲ့ အနမ်းခြွေမိခဲ့လို့ ဖြစ်ပါတယ်။

play

 

အမ်မာအလီစီယာလို့ အမည်ရတဲ့ အဆိုပါအမျိုးသမီးဟာ မင်္ဂလာမဆောင်ခင် တစ်ရက်အလို အပြင်မှာ သူငယ်ချင်းတွေနဲ့ ရေကူးကန်နံဘေးပါတီပွဲ လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ အရက်သောက်ကြပြီးနောက် စတင်သိကျွမ်းသွားတဲ့ အမျိုးသားနဲ့ မူးပြီး လူမြင်ကွင်းမှာ အနမ်းခြွေခဲ့ကြပါတယ်။ သူတို့ အနမ်းခြွေနေတဲ့အချိန် ဘေးနားကသူတွေကလည်း အားပေးအားမြှောက်လုပ်ခဲ့ကြတာကို ဗီဒီယိုဖိုင်ထဲမှာ တွေ့ခဲ့ရပါတယ်။

play

 

ရည်ရွယ်ချက်ရှိရှိ ဖောက်ပြန်တာမျိုးမဟုတ်ပဲ မူးလာတဲ့အချိန် ဘေးကသူမြှောက်ပေးလို့ လုပ်ခဲ့တာလို့ ယူဆရကြောင်း လူမှုကွန်ယက်မှာ ပြောဆိုနေကြပါတယ်။ မက္ကဆီကိုနိုင်ငံမှာ နေထိုင်တဲ့ အဆိုပါအမျိုးသမီးရဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက်သူမရဲ့  ခင်ပွန်းလောင်းလည်း တွေ့သွားခဲ့ပါတယ်။

play

 

အဲဒီနောက် သူမတို့ မင်္ဂလာပွဲကို ခင်ပွန်းလောင်းဘက်က ဖျက်လိုက်တာဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ