Relationships: ဟယ်ရီပေါ်တာဇာတ်လမ်းထဲက အချစ် (၅)မျိုး

, updated

ဟယ်ရီပေါ်တာ ပရိသတ်တွေဆိုရင်တော့ ဒီအချစ်တွေကို အားကျမိမယ်ထင်ပါတယ်။

play

 

ဟယ်ရီပေါ်တာဇာတ်လမ်းကတော့ ပရိသတ်တွေသိကြတဲ့အတိုင်း စုန်းအတတ်၊ မှော်အတတ်တွေနဲ့ တခြားစိတ်ဝင်စားစရာ ထူးဆန်းထွေလာတွေနဲ့ပြည့်နှက်နေတာပါ။ ဒါပေမဲ့ ဇာတ်လမ်းကောင်းတစ်ခုလို့ဆိုရလောက်အောင်ပဲ ဒီဇာတ်လမ်းဟာ မတူညီတဲ့အချစ်မေတ္တာတွေကို အမျိုးအစားစုံလင်စွာ ဖော်ကြူးနိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှာပါတဲ့ အချစ်မေတ္တာတွေဟာ ဇာတ်ကောင်တစ်ခုနဲ့တစ်ခုအပေါ်မူတည်ပြီး ကွဲပြားသွားသလို ဟယ်ရီပေါ်တာပရိသတ်တွေအနေနဲ့လည်း မတူညီတဲ့ခံစားချက်ရသတွေ ခံစားသိရှိလိုက်ရတာအမှန်ပါပဲ။

play

 

၁။ မိခင်အချစ် - လီလီပေါ်တာ နဲ့ ဟယ်ရီပေါ်တာ

မိခင်ဖြစ်သူ လီလီပေါ်တာက ဗိုဒီမော့က ကလေးငယ်ဟယ်ရီပေါ်တာကိုသတ်မယ့်အချိန်မှာ ကိုယ့်သားဆိုတဲ့ချစ်စိတ်၊ ကာကွယ်ချင်စိတ်နဲ့ ကျိန်စာကိုဝင်ရောက်ကာကွယ်ပြီးအသေခံခဲ့ပါတယ်။ ဒါက မိခင်တစ်ယောက်ရဲ့အချစ်ကို အကောင်းဆုံးပြသသွားခဲ့တာပါ။

play

 

၂။ သူငယ်ချင်းအချစ် - ဟယ်ရီ နဲ့ ရွန်၊ ဟယ်ရီ နဲ့ ဟာမွန်နီ

တကယ်တော့ ဟယ်ရီပေါ်တာဇာတ်လမ်းထဲက သူငယ်ချင်းဇာတ်ကောင်အကုန်လုံးကတော့ သူတို့အချင်းချင်း သူငယ်ချင်းအချစ်တွေကိုပြသကြပါတယ်။ ဒါပေမဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ဟယ်ရီ၊ ရွန် နဲ့ ဟာမွန်နီတို့ကတော့ သူငယ်ချင်းဆိုတဲ့အဓိပ္ပာယ်ကိုပိုမိုလေးနက်စေခဲ့တာပါ။ ဟယ်ရီနဲ့ရွန်ကတော့ သူငယ်ချင်းအစစ်တွေရှိတတ်တဲ့သဘောတရားအတိုင်း ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ တကယ်တမ်းအရေးကြုံရင်တော့ အမြဲတမ်းအတူတူရင်ဆိုင်ဖြေရှင်းကြတဲ့သူတွေပါ။ ဟယ်ရီနဲ့ ဟာမွန်နီမှာကျတော့ ဟယ်ရီကလည်း ဟာမွန်နီအတွက် အမြဲအဆင်သင့်ရှိနေတဲ့ ယောက်ျားလေးသူငယ်ချင်းဖြစ်သလို ဟာမွန်နီကလည်း ဟယ်ရီ့ကိုအလုံးစုံနားလည်ပေးနိုင်စွမ်းရှိတဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ဖြစ်ပါတယ်။

play

 

၃။ ရန်သူအချစ် - စနိပ် နဲ့ ဟယ်ရီ

စနိပ်က ဟယ်ရီ့အပေါ်ရှိနေတဲ့အချစ်ကိုဆိုလိုတာပါ။ ဒီဇာတ်လမ်းရဲ့အလှဆုံးနဲ့အထိရောက်ဆုံးဇာတ်ကွက်လို့လည်း ဆိုလို့ရပါတယ်။ ကိုယ်သိပ်ချစ်ရတဲ့သူကို ကိုယ်သိပ်မုန်းတဲ့ရန်သူက လုယူသွားပြီး သူတို့နှစ်ယောက်ရဲ့ရင်သွေးကို ကြည်ဖြူနိုင်ခြင်း စနိပ်မှာမရှိခဲ့ပါဘူး။ ဒါပေမဲ့ မသိစိတ်မှာကတော့ ဟယ်ရီက သူသိပ်ချစ်ရတဲ့ လီလီ့သွေးပါနေတာရော၊ ပရော်ဖက်ဆာ ဒမ်ဘူဒိုးက ဟယ်ရီ့မှာသူ့အမေရဲ့မျက်လုံးလေးတွေ ရှိနေတယ်လို့ဆိုလိုက်တဲ့အချိန် နဂိုရှိနေတဲ့ချစ်ခြင်းတွေက ပိုမိုသေချာလာရတာရောကြောင့် မုန်းချင်ယောင်ဆောင်ပြီးချစ်နေရတဲ့ အချစ်မျိုးပါ။ ဆရာကတပည့်ကိုချစ်တဲ့ပုံစံရော၊ ရန်သူ့သားကို ချစ်ရသူရဲ့သွေးအဖြစ်မြင်ပြီးချစ်ရတဲ့အချစ်ရောက စနိပ်ဇာတ်ကောင်မှာ အပြည့်အ၀ပေါ်လွင်နေတာပါ။

play

၎။ လူငယ်အချစ် - ဟယ်ရီ နဲ့ ဂျင်းနီ၊ ရွန် နဲ့ ဟာမွန်နီ

လူငယ်ကျောင်းသားလေးတွေမို့လို့ လူငယ်အချစ်တွေပေါ်လွင်အောင် ဖော်ပြထားတာလည်း မြင်တွေ့ရမှာပါ။ ဟယ်ရီနဲ့ ဂျင်းနီမှာ ဟယ်ရီက ဂျင်းနီအပေါ်ခံစားချက်ရှိနေသလို ဂျင်းနီကလည်း ရည်းစားတွေဘယ်လောက်ထားထား ဟယ်ရီ့ကိုချစ်တဲ့စိတ်ရှိနေတာ ဇာတ်လမ်းထဲမှာပါနေပြီးသားပါ။ ရွန်နဲ့ ဟာမွန်နီမှာကျတော့ လူငယ်သဘာဝအချစ်အကြောင်းလေးတွေ ပိုပေါ်လွင်ပါတယ်။ ရွန်က ဟာမွန်နီကို သူငယ်ချင်းဆိုတာထက်ပိုနေခဲ့တာ ငယ်ငယ်တည်းကပါ။ ဟာမွန်နီကလည်း ရွန်ကိုချစ်နေပေမဲ့ မိန်းကလေးတို့သဘာဝ မာနကိုရှေ့တန်းနည်းနည်းတင်ထားပါတယ်။ ရွန်ရည်းစားထားတော့ ဟာမွန်နီအသည်းကွဲရပေမဲ့ ရွန်သိအောင် ခံစားချက်ကိုထုတ်မပြဖြစ်ပါဘူး။ တကယ်တမ်း အသက်ဘေးကြုံလာတဲ့အခါမှာ ရွန်က ဟာမွန်နီကို အပြည့်အ၀ကာကွယ်သလို ဟာမွန်နီကလည်း ရွန်အတွက်စိုးရိမ်ပူပန်ခြင်းကြီးစွာ ရှိနေခဲ့တာပါ။

play

 

၅။ ထာဝရအချစ် - စနိပ် နဲ့ လီလီ

ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ အဓိပ္ပာယ်အရှိဆုံးနဲ့ ပရိသတ်တွေရင်ကို အလှုပ်ခတ်စေနိုင်ဆုံးကတော့ စနိပ် လီလီ့အပေါ်ထားတဲ့အချစ်ပါပဲ။ အချိန်တွေဘယ်လောက်ကြာသွားပါစေ၊ ဘာတွေဘယ်လိုပြောင်းလဲနေနေ သူ့နှလုံးသားထဲက လီလီ့အပေါ်ရှိနေတဲ့အချစ်က လုံးဝမပြောင်းလဲခဲ့ပါဘူး။ သူ့ရဲ့ပျော်ရွှင်မှုဆိုတာလည်း လီလီပါပဲ။ လီလီ့ကိုချစ်တဲ့စိတ်နဲ့ လီလီနဲ့ပတ်သက်သမျှ အရာအားလုံးကို ချစ်နိုင်ခဲ့တဲ့သူပါ။

Source : Cosmopolitan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ