Relationships: အချစ်ကိုရဖို့ ကြိုးပမ်းရာက ၂၃ ထပ်မှပြုတ်ကျတဲ့ ဆယ်ကျော်သက်

, updated

ကောင်မလေးက ဆေးရုံရောက်သွားတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့ အနားမှာ ရှိနေသလားဆိုတာ အသေအချာ မသိရဘူးလို့ ဆိုပါတယ်။

play


ရုရှားနိုင်ငံမှ ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးရဲ့ အဖြစ်က ကံဆိုးပြီး ကံကောင်းခဲ့တယ်လို့ ဆိုရမှာပါ။ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးက ကောင်မလေးအထင်ကြီးပြီး ကောင်မလေးရဲ့အချစ်ကိုရဖို့ ကြိုးစားတဲ့အနေနဲ့ သူ့ရဲ့ ၂၃ ထပ်က နေအိမ်ခန်း ဝရန်တာလက်ရန်းပေါ်ကို တက်ပြခဲ့တာ ဖြစ်ပါတယ်။

play


ဒီလို တက်ပြခဲ့ရာက ခြေချော်ပြီး ပေ ၂၃၀ အမြင့်ကနေ အောက်ကိုပြုတ်ကျခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ တိုက်ခန်းတွဲအောက် ကားပါကင်မှာ ရပ်ထားတဲ့ တက္ကစီတစ်စီးပေါ်ကို ကျခဲ့ပြီး သေဘေးမှ လွတ်မြောက်ခဲ့ပါတယ်။

play


အဆိုပါ ဆယ်ကျော်သက်ဟာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပေမဲ့ အသက်မသေခဲ့ဘဲ အခြေအနေ တည်ငြိမ်နေပြီး အထူးကြပ်မတ်ကုသမှု ခံယူနေရတယ်လို့ Siberian Times သတင်းက ပြောပါတယ်။

play


ကောင်မလေးအထင်ကြီးအောင် ကြိုးစားခဲ့တဲ့ ဆယ်ကျော်သက်ဟာ ဝမ်းဗိုက်ပိုင်း၊ အသည်း၊ အဆုတ်တို့ ထိခိုက်ခဲ့ပြီး လက်မောင်းရိုးကျိုးခဲ့တယ်လို့ သိရပါတယ်။

play


ဆေးရုံရောက်နေတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ကောင်မလေးရဲ့ အထင်ကြီးမှုနဲ့ အချစ်ကို ထိုက်တန်စွာရခဲ့သလား၊ ကောင်မလေးက ဆေးရုံရောက်သွားတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့ အနားမှာ ရှိနေသလားဆိုတာ အသေအချာ မသိရဘူးလို့ ဆိုပါတယ်။

play


Source & Photo: WeirdRussia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ