Relationships: ထက်မြက်တဲ့ အမျိုးသမီးတွေကို လက်ထပ်ထားတဲ့ အမျိုးသားများက ကျန်းမာရေးပိုမိုကောင်းမွန်

, updated

သင့်ရဲ့အိမ်ထောင်ဘက် ရွေးချယ်မှုက သင့်ကျန်းမာရေးပေါ်မှာ သက်ရောက်မှုရှိပါတယ်။

play

 

ဒေါက်တာလောရန့်ဝှက်လေဟာ Aberdeen တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်ပြီး ဦးနှောက် အိုမင်းရင့်ရော်မှုနဲ့ ပတ်သက်ပြီး နားလည်တဲ့ ကမ္ဘာ့ကျွမ်းကျင်ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ရဲ့လေ့လာမှုတစ်ခုအရ ထက်မြက်တဲ့ အမျိုးသမီးများကို လက်ထပ်တဲ့ အမျိုးသားများနဲ့ အယ်လ်ဇိုင်းမား (မှတ်ဉာဏ်ချို့ယွင်းခြင်း) ရောဂါကို တွန်းလှန်နိုင်ခြင်းကြား ဆက်စပ်မှုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ထက်မြက်တဲ့ အမျိုးသမီးများက ခင်ပွန်းသည်ကို ဉာဏ်ပညာရှိတဲ့ အတွေးစိတ်ကူးတွေကို ပေးပြီး ဆွေးနွေးညှိနှိုင်းမှု ကောင်းကောင်းပြုလုပ်နိုင်ခြင်းနဲ့ တက်ကြွတဲ့လှုပ်ရှားမှုတွေကို ဖြစ်ပေါ်စေပါတယ်။

play

 

အဲဒီလို စိတ်ကူးကောင်း၊ အတွေးကောင်းတွေဖြစ်ပေါ်ခြင်းကြောင့် မှတ်ဉာဏ်ဆုံးရှုံးခြင်းနဲ့ အခြားဦးနှောက်နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေမဖြစ်အောင် ကူညီပေးတယ်လို့ ဆိုပါတယ်။

အတိုချုပ်ဆိုရသော် အမျိုးသားများအနေနဲ့ ဇနီးရွေးချယ်ရာမှာ သေချာဂရုစိုက်သင့်တဲ့ တခြားအကြောင်းပြချက်တွေ ရှိသလို ဒီအချက်ကလည်း ထည့်တွက်ရမယ့် အချက်ပါပဲ။ ထက်မြက်တဲ့ အိမ်ထောင်ဘက်ရဲ့ အတွေးအခေါ်ကောင်းတွေက စိတ်ဝင်စားစရာကောင်းရုံတင်မဟုတ်ဘူး ဦးနှောက်နဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပွားနိုင်မှု လျော့နည်းတဲ့အပြင် သင့်ရဲ့ဦးနှောက်ဟာ အသက်အရွယ်အိုမင်းတဲ့အထိ ထက်မြက်ကောင်းမွန်နေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ထက်မြက်တဲ့အမျိုးသမီးတွေကို လက်ထပ်သူများက ဦးနှောက်ကြောင့်ဖြစ်တဲ့ စိတ်ဖောက်ပြန်မှု ဖြစ်ပွားမှုနိုင်မှုလည်း လျော့နည်းပြီး အသက်ပိုရှည်ကာ ပျော်ရွှင်မှု ပိုမိုရရှိကြပါတယ်။

ှSource & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ