Relationships: အပြင်မှာ ချိန်းတွေ့သည့် အိမ်ထောင်သည်စုံတွဲများ အချစ်ရေး ပိုခိုင်မြဲလေ့ရှိ

, updated

အိမ်ထောင်သည်တွေလည်း သာမန်ချစ်သူရည်းစားတွေလို အပြင်မှာ ချိန်းတွေ့ပေးဖို့လိုတယ်လို့ ဆိုပါတယ်။

play

 

အိမ်ထောင်သည်တွေကြားမှာ အချစ်ရေးပိုခိုင်မြဲဖို့အတွက် တစ်လတစ်ကြိမ်လောက် အပြင်ထွက်ပြီးချိန်းတွေ့ကြဖို့ လိုကြောင်း သုတေသီတွေက ထောက်ပြလိုက်ပါတယ်။

play

 

သမီးရည်းစားဘဝကလိုမျိုး အိမ်ထောင်သည် ဇနီးနဲ့ ခင်ပွန်းကြားမှာ တစ်လတစ်ခါလောက် အပြင်ထွက်ပေးပြီး ညစာအတူစားတာ၊ ရုပ်ရှင်ကြည့်တာ၊ လျှောက်သွားတာတွေဟာ အိမ်ထောင်ရေးပိုပြီးမြဲမြံစေတယ်လို့ သိရပါတယ်။ အင်္ဂလန်မှာရှိတဲ့ အိမ်ထောင်ရေးဖောင်ဒေးရှင်းက ပြုလုပ်တဲ့ စစ်တမ်းအရ ဒီအချက်ထွက်လာခဲ့တာဖြစ်ပါတယ်။

အိမ်ထောင်သည်စုံတွဲတွေ တစ်လတစ်ခါလောက် အပြင်မှာ ချိန်းတွေ့သင့်ပေမဲ့ တစ်ပတ်တစ်ခါလောက် တွေ့နေမယ်ဆိုရင်တော့ ဘာမှအကျိုးသက်ရောက်မှု မရှိဘူးလို့ ဆိုပါတယ်။ စစ်တမ်းအရ တစ်လတစ်ခါ အပြင်ထွက်ချိန်းတွေ့တဲ့ အိမ်ထောင်သည်စုံတွဲတွေဟာ ၁၄ ရာခိုင်နှုန်းလောက်ပိုပြီး အိမ်ထောင်ရေးမြဲသွားကြတယ်လို့ သိရပါတယ်။

play

 

တစ်လတစ်ခါလောက် ချိန်းတွေ့ခြင်းဟာ အတူနေ စုံတွဲတွေထက် အိမ်ထောင်သည်စုံတွဲတွေအတွက် ပိုအရေးပါတယ်လို့ ဆိုပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ