Relationships: ရည်းစားကို ရွှံ့နဲ့ ကိုယ်တိုင်ဖန်တီးတဲ့ အထီးကျန် အမျိုးသမီး

ဒီခေတ်ကြီးမှာ ရည်းစားထားနေတာကမှ စိတ်ရှုပ်စရာကောင်းနေပါဦးမယ်။

play

 

ရည်းစားတစ်ယောက်ရဖို့ ဒိတ်လုပ်ရ၊ စကားတွေ ပြောပြီး ညှိနှိုင်းရနဲ့ အချိန်တွေကုန်လှပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက်ဟာ သူမလိုချင်တဲ့ ရည်းစားကို သူမရဲ့လက်နဲ့ ကိုယ်တိုင်ဖန်တီးယူခဲ့ပါတယ်။

play

 

မေရီစတက်ဖီဆန်ဆိုတဲ့ မိန်းကလေးဟာ ရွှံ့၊ သင်္ဘောဆေးနဲ့ စာရွက်တွေကို အသုံးပြုပြီး သူမစိတ်ကူးထဲက ရည်းစားတွေကို ပြုလုပ်ဖန်တီးလိုက်ပါတယ်။

play

 

ဒါ့အပြင် သူမဟာ စားသောက်ဆိုင်တွေ၊ အထင်ကရနေရာတွေနဲ့ ပန်းခြံတွေကိုလည်း ပန်းချီနဲ့ ပြုလုပ်ဖန်တီးကာ သူမရဲ့ ရွှံ့ရုပ်တွေနဲ့ ဒိတ်လုပ်ပါတယ်။

play

 

မင်္ဂလာဆောင်တစ်ခုမှာ ဧည့်သည်တစ်ယောက်က Single ဘဝနဲ့ သုံးနှစ်လုံးလုံးနေခဲ့တာ နှမြောစရာဘဲလို့ ပြောခဲ့ရာကစလို့ သူမက အဲဒီစိတ်ကူးကို စတင်ခဲ့တာ ဖြစ်ပါတယ်။

play

 

"ကျွန်မတို့ရဲ့ တစ်ယောက်အပေါ်တစ်ယောက် မျှော်လင့်ချက်တွေက ဘာတွေလဲ။ ကိုယ့်ရဲ့ ကိုယ်တစ်ခြမ်းကို ရှာဖို့ပဲလား။ အဲဒါဆိုရင်တော့ ငါ့ဘာသာလုပ်ကြည့်မယ်လို့ တွေးလိုက်တယ်" လို့ သူမက ဆိုပါတယ်။

အဲဒီကစလို့ သူမရဲ့ ရည်းစားတွေ မွေးဖွားလာတာ ဖြစ်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ