Relationships: ချစ်သူက လက်ထပ်ခွင့်တောင်းလိုက်လို့ မေ့လဲသွားတဲ့ အမျိုးသမီး

, updated

ဝမ်းသာလုံးဆို့သွားခဲ့တာပါ။

play

 

ရေနာရန်တီရီးယားရဲ့ ချစ်သူ ဂျာမန်အမျိုးသား ဘန်နီတက်စ်ဟာ ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့အတွက် သေချာ ပြင်ဆင်ထားတာပါ။

play

 

ဘန်နီတက်စ်ဟာ ရှပ်အင်္ကျီကို စမတ်ကျကျဝတ်ဆင်ပြီး၊ သူတို့ရဲ့ ပျော်ရွှင်စရာအချိန်အခါလေးကို မှတ်တမ်းတင်ပေးဖို့ သူငယ်ချင်းတစ်ယောက်ကိုလည်း အကူအညီတောင်းထားကာ ဖျော်ဖြေတီးခတ်ပေးဖို့ တီးဝိုင်းတောင် ငှားထားပါတယ်။

လက်စွပ်ကို ကမ်းပေးလိုက်ချိန်မှာတော့ ဝမ်းသာပျော်ရွှင်လွန်းလို့ ရေနာတစ်ယောက် ချက်ချင်းကို မေ့လဲသွားခဲပါတယ်။

play

 

ဒါပေမဲ့ နောက်ဆုံးမှာတော့ ပျော်ရွှင်နေကြတဲ့ သူတို့စုံတွဲဟာ စေ့စပ်လက်စွပ်လေး ဝတ်ထားတဲ့ ရေနာရဲ့လက်ကို ဘန်နီတက်စ်က ကိုင်ထားပုံကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့ကြပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ