သင်ဟာ အမြဲတမ်း မကောင်းတဲ့သူတွေနဲ့ချည်း တွေ့နေသလား။
 

သင်ဘယ်လောက်ပဲ ကြိုးစားပါစေ။ လူကောင်းနဲ့မတွေ့ဘူးလို့ သင်တွေးနေမိနေတယ်။ တွေ့တဲ့သူတိုင်းက လူလိမ်တွေ၊ သင့်အပေါ် အနိုင်ယူသွားသူတွေချည်းသာ ဖြစ်နေပြီလား။ ယောက်ျားတစ်ယောက်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး သင့်မှာ တာဝန်မရှိပေမဲ့ သင့်ရဲ့အပြုအမူအတွက် သင့်မှာ တာဝန်ရှိပါတယ်။ သင့်ရဲ့လုပ်ရပ်တွေကြောင့်လည်း သူတို့တွေ ပိုဆိုးသွားတာလည်း ဖြစ်နိုင်ပါတယ်။

၁။ သူ့ရဲ့ အပြုအမူဆိုးအတွက် သင်က ကြံဖန်ခွင့်လွှတ်ပေးနေခြင်း

လူဆိုတာ အမှားနဲ့ မကင်းလို့ ဒုတိယအခွင့်အရေးပေးသင့်တာ မှန်ပါတယ်။ ဒါပေမဲ့ အချိန်တိုင်း ခွင့်လွှတ်ပေးနေရင်တော့ လူတစ်ယောက်က ဆိုးသထက် ဆိုးလာဖို့ပဲ ရှိပါတတယ်။

၂။ မိခင်တစ်ယောက်လို ပြုမူမိနေခြင်း

သင်ဟာ ရည်းစားနဲ့မတူဘဲ အမေနဲ့ ပိုတူနေပြီလား။ သူ့ရဲ့ အဝတ်အစားတွေလျှော်၊ ထမင်းဟင်းချက်ပြုတ်ပေး၊ သူ့ရဲ့အချိန်ဇယားတွေကို ကူဆွဲပေးနေသလား။ ဒါဆိုရင်တော့ သူ့ကို ဆိုးသွမ်းအောင် သင်လုပ်နေတာပါ။ သူဟာ အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်ပါ။ သင်က ဘဝကြင်ဖော်ရှာတာပါ၊ သားတစ်ယောက်ရှာနေတာ မဟုတ်ပါဘူး။

 

၃။  သင်တို့အချစ်ရေးအတွက် လိုအပ်တာအားလုံး သင်တစ်ယောက်တည်း လုပ်နေခြင်း

သင်တို့တွေ့ဖို့ သင်ပဲ အစီအစဉ်ဆွဲ၊ နှစ်ပတ်လည်နေ့ ရောက်ခါနီးတိုင်း သူ့ကို သင်ကချည်းပဲ သတိပေး စတာတွေ အားလုံး သင်ပဲ လုပ်နေရသလား။ သူသာ သင့်ကို တန်ဖိုးထားရင် အဲဒါတွေ သူလုပ်ပါလိမ့်မယ်။ ဒီအချစ်ရေး ခိုင်မြဲအောင် သင်ကြိုးစားသလို သူမကြိုးစားချင်ဘူးဆိုရင် သူဟာ သင့်အချစ်နဲ့ မထိုက်တန်ပါဘူး။

၄။ ရန်ဖြစ်ဖို့ အကြောင်းရှာခြင်း

သင်ဟာ သင့်ချစ်သူဆီက လိုချင်တာတွေ အရမ်းများနေတယ်။ သူ သင့်ကို ချစ်ကြောင်း သက်သေပြစေချင်လို့၊ သူ ချော့တာခံချင်လို့ အကြောင်းရှာပြီး ရန်ဖြစ်တယ်။ အချိန်ပြည့် ရန်လိုနေသူကို ဘယ်သူက စိတ်ရှည်သည်းခံနိုင်မှာလဲ။

၅။ အမြဲတမ်း သူ့ကို နားပူနားဆာလုပ်ခြင်း

သင့်ဆန္ဒနဲ့ သူ့ဆန္ဒ ထပ်တူမကျတိုင်း သူ့ကို သင် နားပူနားဆာလုပ်နေမယ်ဆိုရင်တော့ ဘယ်ယောက်ျားမှ သဘောကောင်းနိုင်တော့မှာ မဟုတ်ဘူး။ သင်ဟာ ပြဿနာကို မီးခွက်ထွန်းရှာသူ ဖြစ်နေပါပြီ။

၆။ သင့်ကိုယ်သင် မလေးစားခြင်း

လူဆိုတာ ကိုယ့်ကိုယ်ကိုယ်မှ တန်ဖိုးထား၊ လေးစားမှု မရှိရင် ဘယ်သူကမှ လေးစားမှာ မဟုတ်ပါဘူး။ သူနဲ့ ရန်မဖြစ်ချင်တာနဲ့ပဲ အမြဲတမ်း အလျှော့ပေး လိုက်လျောလိုက်ခြင်းဟာ သင့်ကိုယ်သင် လေးစားမှု မရှိခြင်းပါ။ သင်မှန်နေတာ သေချာရင် သေချာရှင်းလင်းပြောပြရပါမယ်။ အဲဒီအတွက် ရန်ဖြစ်သင့်ရင်လည်း ဖြစ်ရပါမယ်။

 

၇။ သဝန်တိုစိတ် ကြီးလွန်းခြင်း

လောကမှာ ယောက်ျားနဲ့ မိန်းမ နှစ်မျိုးပဲရှိပါတယ်။ သူ့ပတ်ဝန်းကျင်မှာ မိန်းမမြင်တိုင်း၊ သူ မိန်းကလေးတွေနဲ့ စကားပြောတိုင်း သူ့ကို စွပ်စွဲရန်ရှာနေမယ်ဆိုရင်တော့ သူ ကြာကြာသည်းခံနိုင်မှာ မဟုတ်ပါဘူး။

Source & Photos : Life

Share

Loading Next Article...
က္က