ကိုယ်တိုင်လုပ်မိနေရင်လည်း သတိထားဖို့လိုပါတယ်။
 

လူတွေဟာ လိုအပ်တာထက်ပိုပြီး တွယ်ဖက်ခံရတာ၊ အရိပ်တကြည့်ကြည့်လုပ်တာတွေကို မကြိုက်ပါဘူး။ ယုတ်စွအဆုံး ကိုယ့်ချစ်သူက လုပ်တယ်ဆိုရင်တောင် ကြာရင် မွန်းကျပ်လာတတ်ပါတယ်။

ဒါကြောင့် သင်ဟာ သူငယ်ချင်းတွေရဲ့ခင်မင်မှုကို လိုချင်တယ်ဆိုရင် ဒီပုံစံတွေနဲ့ သင့်ရဲ့ခင်မင်မှုကို မပြသပါနဲ့။ သူတို့တွေက သင့်ကို အရင်လောက်တောင် ခင်မင်ကြတော့မှာမဟုတ်ဘဲ တဖြည်းဖြည်း ရှောင်ထွက်သွားကြပါလိမ့်မယ်။

၁။ သူငယ်ချင်းတစ်ယောက်က ဆိုင်တစ်ဆိုင်မှာ Check In ဝင်လိုက်တာနဲ့ အဲဒီဆိုင်ကို အရောက်သွားခြင်း

 

သင်ဘယ်လောက်ပဲ အထီးကျန်ပြီး ပျင်းနေပါစေ၊ အဲဒီလို မလုပ်သင့်ပါဘူး။ သင် တစ်ဖက်သတ်ချစ်နေတဲ့သူဆိုရင် ပိုလို့တောင် မလုပ်သင့်ပါဘူး။ သင် သူတို့နဲ့တွေ့ချင်တယ်ဆိုရင် ဖုန်းဆက်ပြီး ချိန်းဖို့လိုပါတယ်။ သူတို့ကိုယ်တိုင်ကလည်း သင့်ကို တကယ်ေတွေ့ချင်နေဖို့လိုပါတယ်။

၂။ ဖေ့စ်ဘွတ်ပေါ်မှာ မြင်သမျှ ပို့စ်တွေကို Like လုပ်ခြင်း

 

သင့်ကို ရည်ရွယ်ပြီး မကျေမနပ်ပြောဆိုနေတဲ့ ပို့စ်တောင် မချန်ဘဲ Like လုပ်နေရင်တော့ သင်ဟာ သူများလှောင်စရာကြီး ဖြစ်နေပါမယ်။

၃။ သူများရဲ့ ဓာတ်ပုံအဟောင်းတွေကို ခဏခဏ Like လုပ်ခြင်း

 

သူတို့ရဲ့ပုံတွေကို ကြည့်ချင်ကြည့်ပါ။ Like မလုပ်ဖြစ်အောင်တော့ ဂရုစိုက်သင့်ပါတယ်။ ခဏခဏဆိုရင် အဲဒီလူက သင့်ကို ဘယ်လိုလူလဲလို့တွေးပြီး အနေကျပ်သွားနိုင်ပါတယ်။

၄။ သင် သူတို့အကြောင်းကို ဘယ်လောက်သိကြောင်း ပြောမိခြင်း

 

ဒါကလည်း Like လုပ်မိတာနဲ့ မခြားပါဘူး။ သူတို့တောင် သိပ်မမှတ်မိတော့တဲ့ ဖေ့စ်ဘွတ်မှာတင်ထားတဲ့ သူတို့ရဲ့ ဓာတ်ပုံတွေအကြောင်း၊ ပို့စ်တွေအကြောင်း မပြောမိပါစေနဲ့။

၅။ ဖုန်းခဏခဏ ဆက်ခြင်း

 

သင့်ဘက်က ဘယ်လောက်ပဲ လူတစ်ယောက်ကို ခင်မင်ပါစေ၊ သူ့ဘက်က ခင်မင်လိုစိတ် သိပ်မရှိဘူးဆိုရင် အကြောင်းရင်းအခိုင်အမာမရှိဘဲ ဖုန်းခဏခဏ မဆက်သင့်ပါဘူး။

Source & Photos : Metro

Share

Loading Next Article...
က္က