နောက်ဆုံးအဆင့်ကို ရောက်နေပြီဆိုရင် သင်တို့ရဲ့ချစ်ခြင်းဟာ သေတပန်သက်တဆုံး မြဲမြံတော့မှာသေချာပါတယ်။
 

ခုတွေ့ ခုချစ်ပြီး တစ်ယောက်ကိုတစ်ယောက် မြူတစ်မှုန်စာမျှ အပြစ်မမြင်ဘဲ သက်ဆုံးတိုင် ချစ်ခင်ကြင်နာသွားတယ်ဆိုတာ ဝတ္ထုနဲ့ရုပ်ရှင်တွေမှာသာ ရှိပါလိမ့်မယ်။ အချစ်စစ်နဲ့ ချစ်ကြသူတွေတိုင်းမှာတော့ အဆင်မပြေမှုတွေကြုံရတတ်သလို သူ့အဆင့်နဲ့သူ တစ်ဆင့်ချင်း ဖြတ်သန်းပြီးမှ ရာသက်ပန် လက်တွဲသွားကြရတာဖြစ်ပါတယ်။ နာမည်ကျော် စိတ်ရောဂါပညာရှင် ဂျက်ဒ်ဒိုင်းမွန်းက ချစ်သူတိုင်းဖြတ်သန်းရတဲ့ အချစ်အဆင့် ၅ ဆင့်ကို ပြောပြခဲ့ပါတယ်။ သင်တို့နှစ်ယောက်ရဲ့အချစ်ရေးကရော ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာ ဖတ်ကြည့်ပါဦး။

istock-80764901-small.jpg 

၁။ ချစ်သူတွေဖြစ်စအဆင့်

ဟန်းနီးမွန်းကာလလို့ပဲ ဆိုကြပါစို့။ အရမ်းကို  စိတ်ကူးယဉ်ဆန်လွန်းပြီး ခေါင်းထဲမှာ သူ့အကြောင်းပဲတွေးနေမိသလို အပြစ်မမြင်ဘဲ အချစ်ဝင်နေတဲ့ကာလပါ။ သူ့အပေါ်မှာလည်း အရမ်းကိုမျှော်လင့်ချက်တွေထားမိနေတဲ့အချိန်ပေါ့။ ဒီအဆင့်မှာတော့ နှစ်ယောက်လုံး အရမ်းကိုပျော်ရွှင်နေကြပါတယ်။

istock-78355117-small.jpg

၂။ လိုက်ဖက်ညီပြီး ပိုအဆင်ပြေတဲ့အဆင့်

တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှလာမယ်။ နားလည်ပေးတတ်လာပြီး အနာဂတ်ကိုအတူလျှောက်ဖို့ ခြေတစ်လှမ်းစတိုးမိသွားကြပါတယ်။ အနောက်နိုင်ငံတွေမှာဆိုရင်တော့ တစ်အိမ်တည်းအတူနေကြတဲ့အဆင့်ပေါ့။

istock-81451379-small.jpg 

၃။ အမှန်ကိုအမှန်တိုင်း မြင်တဲ့အဆင့်

ဒီအချိန်မှာတော့ သူ့ဆီမှာရှိတဲ့ မကောင်းတဲ့အချက်တွေကို မြင်လာသလို သူကလည်း ကိုယ့််ကို သဘောမကျစရာတွေ တွေ့လာကြပါပြီ။ တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်စပြုတဲ့အချိန်ပါ။ များသောအားဖြင့်တော့ စုံတွဲတွေဟာ ဒီအဆင့်မှာတင် အဆုံးသတ်သွားကြပါတယ်။

istock-92511269-small.jpg 

၄။ ထာဝရမြဲမြံတဲ့အချစ် တည်ဆောက်ခြင်း

တတိယအဆင့်ကို ကျော်ဖြတ်လာနိုင်ပြီဆိုရင်တော့ ဒီစုံတွဲရဲ့အချစ်ဟာ ထာဝရတည်မြဲတဲ့အဆင့်ကို ရောက်လာပါတော့တယ်။ တစ်ယောက်မှာရှိတဲ့ မကောင်းတဲ့အချက်တွေ၊ အားနည်းချက်တွေကို တစ်ယောက်က နားလည်လက်ခံပေးလိုက်နိုင်တဲ့အဆင့်ပါ။

istock-81866427-small.jpg 

၅။ အချစ်ရဲ့စွမ်းအားအကြီးမားဆုံးအဆင့််

တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်လာနိုင်ပြီးပြီမို့ ဒီအချစ်ဟာ ရာသက်ပန်ခိုင်မြဲသွားပါပြီ။ ချို့ယွင်းချက်တွေရှိနေသည့်တိုင်အောင် တစ်ယောက်နဲ့တစ်ယောက် ဆက်ချစ်နိုင်ကြပြီဆိုမှတော့ ဒီအချက်ထက် စွမ်းအားကြီးမားတဲ့အရာ မရှိတော့ပါဘူး။ ဒါတင်မက သူကြိုက်တဲ့အရာတွေကို ကိုယ်ကပါ လိုက်လုပ်မိလာတဲ့အခြေအနေကိုလည်း ရောက်ရှိလာပါတယ်။

Source : Indy 100

Share

Loading Next Article...
က္က