အိမ်ထောင်ပြုတယ်ဆိုတာ မိန်းကလေးတွေအတွက်ပဲ စိတ်ပူရတာမဟုတ်ပါဘူး။ ယောကျ်ားလေးတွေမှာလည်း စိုးရိမ်ပူပန်စရာတွေရှိပါတယ်။

wedding.jpg 

၁။ သူမရဲ့မိသားစုနဲ့ အတူနေနိုင်ပါ့မလား

လက်ထပ်တယ်ဆိုတာ လူနှစ်ယောက်တည်း ပေါင်းသင်းရုံသာမကပါဘူး။ နှစ်ဖက်မိသားစုကလည်း ပေါင်းစည်းရမှာပါ။ ဇနီးရဲ့ မိခင်၊ ဖခင်က ကိုယ့်အပေါ်ခြယ်လှယ်ချုပ်ကိုင်လာမှာကိုတော့ အမျိုးသားတစ်ဦးအနေနဲ့ စိုးရိမ်မိပါတယ်။

fennes_wedding.jpg 

၂။ လက်ထပ်လိုက်ရင်ရော အဆင်ပြေပါ့မလား

ချစ်သူဘဝနဲ့ နေလာတာကမှအကောင်း။ လက်ထပ်ပြီးတော့မှ အဆင်မပြေဖြစ်ပြီး ကွဲကွာရမှာကိုလည်း မလိုလားပါဘူး။

 

၃။ သူတစ်ယောက်တည်းကိုပဲ တစ်သက်လုံးပေါင်းသင်းရတော့မှာလား

ယောကျ်ားတစ်ဦးအနေနဲ့ ချစ်ရေးချစ်ရာလိင်မှုကိစ္စမှာ မိန်းကလေးတစ်ယောက်တည်းကိုပဲ တစ်သက်လုံး ဆက်ဆံသွားဖို့ဆိုတာလည်း ခက်ပါတယ်။ ရိုးအီသွားတဲ့အခါကျရင် နောက်လူမြှူဆွယ်တဲ့နောက် ကောက်ကောက်ပါအောင်လိုက်မိသွားတတ်ကြလို့ပါ။ ဒါကြောင့် မိန်းကလေးတစ်ယောက်ကို လက်ထပ်တယ်ဆိုတာ အချစ်အပြင် သံယောဇဉ်နဲ့ မေတ္တာတရားတွေ ရှိမရှိ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရပါတယ်။

 

၄။ သူမက လက်မထပ်ချင်ဘူးဆိုရင်ရော

ကိုယ့်ဘက်က တကယ်သေချာလို့ အတူတူနေချင်ပါပြီဆိုမှ သူမက ငြင်းပယ်လိုက်မှာကိုလည်း စိုးရိမ်မိပါတယ်။ သူမကသာ ငြင်းလိုက်မယ်ဆို ကိုယ့်ကို တကယ်မချစ်လို့လား ဒါမှမဟုတ် အချိန်လိုသေးတာလားဆိုတာတွေလည်း ခေါင်းထဲမှာ ကြိုပြီးတွေးတောနေမိပါတယ်။

 

၅။ တကယ်သေချာရဲ့လား

သူမကို တကယ်ပဲ လက်ထပ်ချင်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြပါတယ်။ သူစိမ်းနှစ်ယောက် တစ်အိမ်တည်းမှာ ရာသက်ပန်နေသွားကြဖို့ဆိုတာ တကယ်တမ်းတော့ ခက်ခဲပါတယ်။ ဒါကြောင့်လည်း ကိုယ်က သူ့ကိုတကယ်ချစ်၊ တကယ်လက်ထပ်ချင်ပြီလားလို့လည်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတာ အခါခါပါပဲ။

 

၆။ ဖခင်ကောင်းတစ်ဦး ဖြစ်နိုင်ပါ့မလား

ကိုယ်က အိမ်မှာ တာဝန်ကြီးကြီးမားမားယူခဲ့သူမဟုတ်ဘူးဆိုရင်တော့ ဖခင်ဘဝခံယူဖို့ ဝန်လေးတတ်ကြပါတယ်။ မိဘကို မှီခိုလွန်းတဲ့ယောက်ျားတွေက အိမ်ထောင်ကျပြီးရင် ကလေးကိုပြုစုပျိုးထောင်ဖို့အတွက် မိမိကိုယ်ကိုယုံကြည်မှု အားနည်းကြပါတယ်။

 

၇။ အဆင်သင့်ဖြစ်ရဲ့လား

သူမနဲ့ တစ်အိမ်တည်းအတူနေပြီး ကောင်းသမျှ ဆိုးသမျှ ဝေမျှခံစားဖို့၊ အိမ်ထောင့်တာဝန်ထမ်းဆောင်ဖို့ စတဲ့အရာတွေက အများကြီးပါပဲ။ ဒါကြောင့် ကိုယ့်ဘက်က တာဝန်ဝတ္တရားတွေကို ကျေပွန်နိုင်ပါ့မလားဆိုတာလည်း စဉ်းစားရပါတယ်။

Share

Loading Next Article...
က္က