သူတို့က ပိုပြီး ခွင့်မလွှတ်နိုင်ကြပါဘူး။
 

သစ္စာမရှိသူတွေက ကိုယ့်ရဲ့ အိမ်ထောင်ဘက်၊ ချစ်သူရည်းစားက သူတို့လို သစ္စာမရှိကြတဲ့အခါမှာ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘဲ စွန့်ပစ်နိုင်ခြေ ပိုများကြောင်း လေ့လာမှုတစ်ခုအရ သိရပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်က သုတေသီများက အသက် ၂၀ နဲ့ ၃၀ ကြားလူငယ်တွေကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

 

အမျိုးသားများဟာ သူတို့ရဲ့အမှားအယွင်းတွေကို မပြောဘဲထားတတ်ကြပြီး အမျိုးသမီးတွေကတော့ အမှားလုပ်မိရင် ပိုပြီး ရင်ဖွင့်ကြတယ်လို့လည်း ယင်းသုတေသနအရ သိရပါတယ်။

 

ဒါ့အပြင် သစ္စာဖောက်တတ်တဲ့အကျင့်ရှိသူတွေဟာ သူတို့ရဲ့သစ္စာမရှိမှုကို အပြစ်လို့ မခံစားတတ်ကြဘဲ သစ္စာဖောက်ခံရမှာကိုတော့ ခါးခါးသီးသီးမုန်းတီးတတ်ကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။

ဆိုလိုတာကတော့ သင် သစ္စာဖောက်မိရင် သင့်အပေါ် သစ္စာမရှိသူက သင့်ကို ခွင့်မလွှတ်နိုင်ခြေပိုများပါတယ်။

Source & Photos : Metro

Share

Loading Next Article...
က္က