သမီးတွေရဲ့ ဆံပင်နဲ့ လက်သည်းတွေကို လှပသေသပ်အောင်ပြုလုပ်ပေးနိုင်ဖို့ပါ။
 

ဖလော်ရီဒါပြည်နယ်၊ ဒေတိုနာဘိချ်မြို့မှာနေထိုင်တဲ့ Single ဖခင် ဖိလစ်မော်ဂီးစ်ဟာ သူ့လိုပဲ သမီးတွေကို မိခင်မရှိဘဲ

ထိန်းကျောင်းနေရတဲ့ ဖခင်တွေကို ကူညီပေးချင်သူပါ။

 

သူဟာ Daddy Daughter Hair Factory လို့ခေါ်တဲ့ သင်တန်းကို ဖွင့်လိုက်ပြီဖြစ်ပါတယ်။

 

အခမဲ့သင်ကြားပေးတဲ့ အဲဒီသင်တန်းမှာ မိန်းကလေးတွေရဲ့ ဆံပင်နဲ့ လက်သည်းခြေသည်းတွေကို ဘယ်လိုလှပအောင်

ပြုပြင်ပေးရမယ်ဆိုတာကို ဖခင်တွေကို သင်ကြားပေးတာဖြစ်ပါတယ်။

 

ဖိလစ်ဟာ သူ့ရဲ့သမီးဆံပင်ကို ဖြီးသင်ပေးရာမှာ ဒုက္ခရောက်ခဲ့ရတဲ့အတွက် ဖခင်တွေအတွက် သင်တန်းပေးဖို့ အကြံရခဲ့တာ ဖြစ်တယ်လို့ ပြောပြပါတယ်။

 

"ကလေးကြီးထွားနေချိန်မှာ ဖခင်ရဲ့ပါဝင်မှုက အရမ်းကို အရေးပါပါတယ်။ ဒါကို အားလုံးသိပြီသားပါ။ ဆံပင်နဲ့ လက်သည်းဆိုတာက လူတိုင်းရဲ့ဘဝအစိတ်အပိုင်းတွေဖြစ်ပါတယ်။

သမီးရဲ့ဆံပင်ကို ပြင်ဆင်ပေးတာဟာ သမီးနဲ့ရင်းနှီးမှုရဖို့ နည်းလမ်းတစ်ခုဖြစ်တယ်" လို့ ဖိလစ်က ရှင်းပြပါတယ်။

Source & Photos : Metro

Share

Loading Next Article...
က္က