ဒီလိုလူမျိုးတွေအတွက် သင့်ဘက်ကအချိန်ပေးခဲ့မိရင် သင့်အချိန်တွေဟာ အလကားပါပဲ။

800x400-elite-daily-mean-girls-Frenemy-.jpg 

၁ - အပြောသက်သက် သမား

အတူသွားမယ် အတူလာမယ်ပြောပြီး လက်တွေ့ကျ တကယ်မဟုတ်ပါဘူး။ သင့်ကို တွေ့ဦးမယ်ပြောပြီး ဘယ်တော့မှ သင့်ဆီ မလာပါဘူး။ အရေးပါတယ်လို့ ကိုယ်သတ်မှတ်ထားတဲ့လူအတွက် အချိန်ပေးရမှာ ဖြစ်ပေမဲ့ သင်က သူတို့အတွက် အဲလောက် အရေးမပါပါဘူး။ စကားပဲ ရှိပါတယ်။

၂ - မင်းထက်သာတယ် ဆိုတဲ့လူ

1000x550.jpg 

 မဆိုးဘူးလို့ ပြောလို့ရတဲ့ ကောင်လေးတစ်ယောက်နဲ့ သင်တွဲရင် ဒီလို ကောင်လေးနှစ်ယောက်လောက်ကို အရင်တုန်း သူဘယ်လိုဖြတ်ခဲ့တဲ့ အကြောင်းပြောပါမယ်။ သင် သင်တန်းတစ်ခုတက်ရင် အဲဒါထက်ကောင်းတဲ့ သင်တန်းတစ်ခု သူမကြာခင်တက်တော့မယ်ဆိုတဲ့ အကြောင်းပြောပါမယ်။ အစစအရာရာ သင့်ထက်သာကြောင်း ပြချင်နေသူပါ။ ဒီလိုလူမျိုးဟာ သင်နေ့စဉ် နည်းနည်းချင်း စားနေရတဲ့ အဆိပ်လိုပါပဲ။

၃ - မထောက်ခံတဲ့ လူ

800x400-elite-daily-mean-girls-Frenemy-.jpg 

သင်နဲ့ အရမ်းရင်းနှီးတဲ့ပုံရှိပေမဲ့ တကယ်တမ်းတစ်ခုခုဖြစ်ရင် သင့်ဘက်မှာ မရှိသူပါ။ ဒီလိုလူမျိုးတွေအတွက် သင့်ဘက်ကအချိန်ပေးခဲ့မိရင် သင့်အချိန်တွေဟာ အလကားပါပဲ။

၄ - ဆင်ခြေသမား

How-to-Deal-with-Toxic-People-and-When-to-Ignore-Them-1.jpg 

အမှားတွေ ခဏခဏ လုပ်ပြီး ဆင်ခြေအမြဲပေးသူပါ။ သူတို့အမှားကို ဘယ်တော့မှ ဝန်မခံပါဘူး။ တခြားလူ အပြစ်လုပ်တတ်ပါတယ်။

Photos & Source: Elite Daily

Share

Loading Next Article...
က္က