ဘယ်လိုမှ အတူထားလို့မရတဲ့ အိမ်မွေးတိရစ္ဆာန်တွေပါ။
 

ခွေးနဲ့ ကြောင်ဆိုတာ အချင်းချင်းအမြဲရန်စောင်နေကြသူတွေပါ။

ကြောင်က ခွေးမျက်နှာကို ကုတ်တတ်သလို ခွေးကလည်း လိုက်ကိုက်တဲ့အတွက် ကြောင်တွေမှာ သစ်ပင်ပေါ်တက်ပြေးရတာမျိုးတွေ မြင်ဖူးကြမှာပါ။

 

အရင်တုန်းက ခွေးတွေ၊ ကြောင်တွေဟာ အခုမြင်တွေ့နေရသလိုမျိုး မဟုတ်ပါဘူး။ ဗြိတိန်မှာဆိုရင် လမ်းပေါ်မှာနေထိုင်ကြတဲ့ ခွေးတွေကြောင်တွေဟာ အသက်ရှင်သန်ဖို့ စအားအစာတွေ ရှာဖွေစားသောက်ရတယ်လို့ ဘရစ္စတက္ကသိုလ်ရှိ တိရစ္ဆာန်ဆေးကုသိပ္ပံကျောင်းက ဒေါက်တာ ဂျွန်ဘရက်ဒ်ရှောက ပြောပြပါတယ်။

 

ဝံပုလွေကနေ ဆင်းသက်လာတဲ့ ခွေးတွေဟာ တစ်ကောင်ချင်းဆုံရင် အစာအတွက် ဟိန်းဟောက်ကြပြီး အုပ်စုဖွဲ့နေထိုင်ကြတဲ့ သူတို့တွေရဲ့ စိတ်နေစိတ်ထားအရ ပြိုင်ဘက်က အားကြီးနေတယ်လို့ ယူဆရင် နောက်ဆုတ်သွားတတ်ကြပါတယ်။

 

ကျားက ဆင်းသက်လာတဲ့ ကြောင်တွေကတော့ အုပ်စုဖွဲ့နေတတ်သူတွေ မဟုတ်ပါဘူး။ ပြိုင်ဘက်က ဘယ်အခြေအနေပဲဖြစ်ဖြစ် ထွက်ပြေးနောက်ဆုတ်တတ်တဲ့သူတွေ မဟုတ်ပါဘူး။

ခွေးကလည်း အကောင်သေးတဲ့ ကြောင်ကို အလျှော့မပေးသလို ကြောင်ကလည်း သူ့သဘာဝအရ လုံးဝအလျှော့ပေးတတ်သူ မဟုတ်လေတော့ အဲဒီမှာတင် ကြောင်နဲ့ ခွေးရဲ့ ရန်ပွဲက စတင်တော့တာပါပဲ။

Source & Photos : Metro

Share

Loading Next Article...
က္က