ကိုယ့်မိန်းမထက် အရေးကြီးတာ ဘာမှမရှိဘူးဆိုတဲ့ ကိုယ့်စိတ်ထားကို ဇနီးကသိသွားပါလိမ့်မယ်။
 

အိမ်ထောင်တစ်ခု ထူထောင်ဖို့ဆိုတာ အချစ်တစ်ခုတည်းနဲ့ မပြီးပါဘူး။ ဒါပေမဲ့ အချစ်မရှိလို့လည်း မဖြစ်ပါဘူး။ အချို့တွေကတော့ ဇနီးသည်နဲ့ မိသားစုအပေါ် တာဝန်ကျေဖို့အတွက် အလုပ်ကြိုးစားနေရင်းကပဲ ဇနီးအပေါ် ဂရုမစိုက်မိသလို ဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့ဇနီးသည်အပေါ် သစ္စာစောင့်သိရုံမက ချစ်လည်းချစ်တတ်ကြောင်း ပြသဖို့အတွက် အလွယ်ဆုံးနည်းလေးတွေရှိပါတယ်။

shutterstock_405263788.jpg 

၁။ ပါတီသေးသေး

သူရောကိုယ်ပါ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေကိုခေါ်ပြီး အိမ်မှာပဲ စားပွဲသောက်ပွဲ သေးသေးလေးတစ်ခုလောက် လုပ်ပေးလိုက်ပါ။ သူမမှာလည်း ပင်ပန်းနေရတာတွေရှိတတ်လို့ စကားစမြည်ပြောရင်းနဲ့ ပင်ပန်းမှုတွေ လျော့သွားတာပေါ့။

1.jpg 

၂။ ညစာထွက်စား

ဆိုင်ကြီးကြီးဖြစ်စရာမလိုပါဘူး။ ဆိုင်သန့်သန့်လေးမှာ နှစ်ယောက်တည်း အေးအေးဆေးဆေး ညစာထွက်စားဖို့ သူမကိုခေါ်ပါ။

phone-in-car.jpg 

၃။ ဖုန်းထားခဲ့

ညစာအတူစားနေတုန်းမှာ ဖုန်းကိုမကြည့်ပါနဲ့။ အချိန် နာရီဝက်လောက်လေးအတွင်းမှာ ဖုန်းကို silent လုပ်ထားပြီး စကားတွေပြောပေးမယ်ဆို သူမ အရမ်းကြည်နူးသွားပါလိမ့်မယ်။ ကိုယ့်မိန်းမထက် အရေးကြီးတာ ဘာမှမရှိဘူးဆိုတဲ့ ကိုယ့်စိတ်ထားကို ဇနီးကသိသွားပါလိမ့်မယ်။

shutterstock_265836404.jpg 

၄။ တစ်နေ့တာအကြောင်း

ဒီနေ့ ဘာလုပ်စရာရှိသလဲလို့ မေးမယ့်အစား ဒီနေ့ ဘာတွေလုပ်ဖြစ်လဲလို့ မေးကြည့်ပါ။ အလုပ်မှာ ဘာတွေဖြစ်ခဲ့လဲ၊ အထက်လူကြီးနဲ့ အဆင်ပြေရဲ့လားလို့ မေးပေးတာကလည်း သူမကို ဂရုစိုက်တာပါပဲ။ အိမ်မှာပဲနေတဲ့ဇနီးဆိုရင်လည်း သူမရဲ့အိမ်မှုကိစ္စလုပ်ဆောင်မှုတွေကို ကိုယ်က မကူနိုင်ပေမယ့် သူမရဲ့အိမ်ထောင်ရှင်မဝတ္တရားကျေပွန်မှုကို အသိအမှတ်ပြုရာရောက်တာပေါ့။

ways-become-better-spouse.jpg 

၅။ လက်ဆောင်

ကလစ်လေးတစ်ချောင်း၊ ပုဝါလေးတစ်ထည် ဆိုပေမယ့် အဲ့ဒီသေးသေးမွှားမွှားလက်ဆောင်လေးကပဲ သူမကို ခေါင်းထဲအမြဲထည့်ထားတယ်ဆိုတာ ပေါ်လွင်သွားစေပါတယ်။

Share

Loading Next Article...
က္က