ယန်းမင်းရဲ့ ချစ်သူ အကျဉ်းသားက သူမအပေါ် လွှမ်းမိုးမှုတွေရှိခဲ့ပြီး ၎င်းပြောတဲ့အတိုင်း မလုပ်ပေးပါက ချစ်သူအဖြစ်မှ ပြတ်စဲမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်အရာရှိ ဟေလီ ယန်းမင်း



မျက်ဝန်းလဲ့ပြာပြာနဲ့ ရွှေအိုရောင်ဆံပင်ပိုင်ရှင် ချောမောလှပတဲ့ အကျဉ်းထောင်ဝန်ထမ်း မိန်ကလေးတစ်ဦးက လူသတ်သမား လူမည်းအကျဉ်းသားတစ်ဦးနဲ့ ချစ်ကြိုးသွယ်ခဲ့တဲ့ ဇာတ်လမ်းက တစ်မျိုးတစ်ဖုံ ထူးဆန်းနေပါတယ်။

ဗြိတိန်နိုင်ငံမှ အကျဉ်းထောင်စောင့် အမျိုးသမီးအရာရှိ ဟေလီ ယန်းမင်းဟာ ပြစ်မှုကြီးမားတဲ့ အကျဉ်းသားများ ချုပ်နှောင်ထားရှိရာ လုံခြုံရေးအဆင့်မြင့် ဝှိုက်မိုးရ် အမျိုးသားအကျဉ်းထောင်မှာ တာဝန်ကျခဲ့ပါတယ်။



အသက် ၂၁ အရွယ် သူမက အကျဉ်းထောင်မှာ ညပိုင်းတာဝန်ကျ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရာမှ လူသတ်မှုဖြင့် ထောင်ကျနေတဲ့ အကျဉ်းသားနဲ့ ချစ်ကြိုးသွယ်မိခဲ့တာပါ။ အကျဉ်းထောင်ဝန်ထမ်း မိန်းမချောလေး ယန်းမင်းဟာ ဆယ်ကျော်သက်တစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့မှုဖြင့် ထောင်ဒဏ် ၂၈ နှစ် ကျခံနေရသူ လူမည်းအမျိုးသား လီရိုနီဘွိုင်းကို ချစ်မိသွားခဲ့ပါတယ်။

အကျဉ်းထောင်အရာရှိ မိန်းမချောလေးရဲ့ချစ်သူ လူသတ်သမား လူမည်းအကျဉ်းသား



ယန်းမင်းနဲ့ သူမရဲ့ လူသတ်သမား ချစ်သူတို့ဟာ ရည်စားစာတွေ အပြန်အလှန် ပေးပို့ခဲ့ကြပြီး နောက်ပိုင်းမှာတော့ လိင်ဆက်ဆံမှု မက်ဆေ့ချ်တွေလည်း ပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။ ယန်းမင်းက ချစ်သူနဲ့ မက်ဆေ့ချ်ပို့ပြီး စကားပြောနိုင်ရန်အတွက် အကျဉ်းထောင်အတွင်း မိုဘိုင်းဖုန်းတွေ ခိုးသွင်းပေးခဲ့ပါတယ်။

ဝှိုက်မိုးရ် အကျဉ်းထောင်



ယန်းမင်းရဲ့ ချစ်သူ အကျဉ်းသားက သူမအပေါ် လွှမ်းမိုးမှုတွေရှိခဲ့ပြီး ၎င်းပြောတဲ့အတိုင်း မလုပ်ပေးပါက ချစ်သူအဖြစ်မှ ပြတ်စဲမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရပါတယ်။ ယန်းမင်းရဲ့အဖြစ်ကို အခြား အကျဉ်းထောင်အရာရှိတစ်ဦးက မင်္သကာဖြစ်ခဲ့ပြီးနောက် သူမကို လုံခြုံရေးကင်မရာမှ စောင့်ကြည့်ခဲ့ရာမှာ အကျဉ်းသား လီရိုနီဘွိုင်းအတွက် ပစ္စည်းများခိုးသွင်းပေးနေကြောင်း တွေ့ခဲ့ရပါတယ်။

ယန်းမင်းကို ဆိုင်းငံ့ထောင်ဒဏ် ချမှတ်လိုက်သည့် Cambridge Crown တရားရုံး



နောက်ဆုံးမှာတော့ သူမကို အကျဉ်းထောင်အတွင်း မိုဘိုင်းဖုန်းများ ခိုးသွင်းမှုဖြင့် ယခုနှစ် ဖေဖေါ်ဝါရီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ စစ်ဆေးရေးမှူးတွေက ယန်းမင်းရဲ့ကားအတွင်း အကျဉ်းသားချစ်သူထံမှ ရည်းစားစာတွေကို တွေ့ရှိခဲ့ရပါတယ်။

ယန်းမင်းရဲ့ မိုဘိုင်းဖုန်းကို စစ်ဆေးခဲ့ရာမှာလည်း သူမရဲ့ လူမည်းအကျဉ်းသား ချစ်သူနဲ့ အပြန်အလှန် ပေးပို့ထားတဲ့ မက်ဆေ့ချ် ၅၀၀ ခန့်ကို တွေ့ခဲ့ရပြီး အချို့မှာ လိင်ဆက်ဆံမှုကို အရူးအမူး ရေးသားထားတာ တွေ့ရပါတယ်။

အကျဉ်းသားနဲ့ချစ်ကြိုးသွယ်မိတဲ့ အကျဉ်းထောင်အရာရှိ မိန်းမချောလေး ယန်းမင်းဟာ အခုအခါမှာတော့ အကျဉ်းထောင်အတွင်း တားမြစ်ပိတ်ပင်ထားတဲ့ ပစ္စည်းများခိုးသွင်းမှုနဲ့ ဆေးခြောက်လက်ဝယ်တွေ့ရှိမှုတို့ဖြင့် သူမကိုယ်တိုင် ၂ နှစ် ဆိုင်းငံ့ထားမယ့် ထောင်ဒဏ် ၁၂ လ ကျခံရမှာ ဖြစ်ပါတယ်။

Source & Photo: Daily Mail

Share

Loading Next Article...
က္က