ကိုယ်က ဘာရယ်မဟုတ်ဘဲ မေးလိုက်တာ၊ ပြောလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ မသင့်တော်ဘူးလို့ သတ်မှတ်ချင်စရာပါပဲ။
 

မင်္ဂလာပွဲ၊ ပါတီတွေကို အဖိတ်ခံရတဲ့သူတွေက သူတို့ရဲ့ချစ်သူ ဒါမှမဟုတ် အိမ်ထောင်ဖက်နဲ့အတူ ပွဲတက်လာချင်ကြတာ သဘာဝပါ။ အဲဒီလိုခေါ်လာခွင့်မရှိတဲ့ တစ်ယောက်တည်းသမား၊ လူပျိုကြီး၊ အပျိုကြီးတွေကတော့ စိတ်ကသိကအောက်ဖြစ်နေမလား၊ ရှက်နေမလား၊ အနေရအထိုင်ရကြပ်နေမလားဆိုတာတော့ ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။ ဒါပေမဲ့ဒီလိုလူတွေကို ဒီလိုမေးခွန်းမျိုးတွေမေးလိုက်ရင်တော့ သေချာပေါက် စိတ်ကသိကအောက်ဖြစ်ပြီး အနေကြပ်သွားလောက်ပါတယ်။

၁။ ခုထက်ထိ တစ်ယောက်တည်းပဲလား

ဟုတ်တယ်လေ၊ တစ်ယောက်တည်းမို့လို့ တစ်ယောက်တည်းလာတာပေါ့။ နှစ်ယောက်ရှိမှတော့ ခေါ်လာတော့မပေါ့။

14572200_332501587108827_8374310395257306385_n.jpg 

၂။ သတို့သမီးပစ်တဲ့ပန်းစည်းကို မိအောင်ဖမ်းနော်

ဘယ်သူကမှ အသည်းအသန် မင်္ဂလာဆောင်ချင်နေတာမဟုတ်ပါဘူး။ ဟုတ်ခဲ့တယ်ဆိုရင်တောင်မှ ဘယ်သူကမှ ဝန်ခံမှာမဟုတ်လို့ ဒီစကားမျိုးမပြောမိဖို့ လိုပါတယ်။

၃။ နင်ဘယ်သူနဲ့လာတာလဲ

မင်္ဂလာဆောင်ဆိုတာ တစ်ယောက်တည်းလာလို့မရတဲ့ပွဲမဟုတ်တဲ့အတွက် ကိုယ့်ဘာသာ ဘယ်သူနဲ့ပဲလာလာ ဒီလိုမေးမြန်းခံရရင် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

 

၄။ ဒီမင်္ဂလာဆောင်ကို အားမကျဘူးလား

ဒီမေးခွန်းက တော်တော်ကို ရိုင်းတာပါပဲ။ ချစ်သူ၊ ရည်းစား မရှိသေးသူအတွက် ဒီလိုမျိုးမေးတာက နှိမ်တဲ့သဘော သက်ရောက်သွားတယ်ဆိုတာ သတိပြုမိသင့်ပါတယ်။

၅။ နင်နဲ့ငါ့သူငယ်ချင်း (တစ်ယောက်ယောက်)နဲ့သာ အတွဲတွေဖြစ်သွားရင် သိပ်ကောင်းမှာပဲ

ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲကဖိတ်ဆိုတဲ့သဘောနဲ့ ပြောလိုက်မိတာပါပဲ။ ဒါပေမဲ့ တစ်ဖက်ကတော့ မစွံလို့ ရှိတာယူလိုက်ရတဲ့သဘော ထင်မြင်သွားတတ်လို့ပါ။

14729403_332501653775487_6240743064362740854_n.jpg 

၆။ ကလေးတွေဝိုင်းမှာပဲထိုင်လိုက်ပါလား

တစ်ယောက်တည်း ဖြစ်နေတာနဲ့ပဲ မလေးစားကြောင်း သိသိသာသာ ပေါ်လွင်နေတဲ့စကားပါပဲ။

၇။ တစ်ယောက်တည်းအဆင်ရောပြေရဲ့လား

ဂရုတစိုက်နဲ့ မေးလိုက်တဲ့စကားဆိုပေမဲ့ အမေးခံရသူမှာကျတော့ တစ်ယောက်တည်းမရပ်တည်နိုင်သူအဖြစ် သိမ်ငယ်သွားစေပါတယ်။

14702371_332501690442150_7757092744813694062_n.jpg 

၈။ တစ်ယောက်တည်း က ဖို့ တိုက်တွန်းတာ

ညစာစားပွဲတွေနဲ့ ပါတီတွေ ပြုလုပ်တဲ့အခါ တွဲကဖို့က လူတစ်ယောက်တော့ ရှိမှဖြစ်မှာပါ။ ကလပ်မှာလို တစ်ယောက်တည်းကလို့မသင့်တဲ့နေရာကို တစ်ယောက်တည်းကဖို့ တိုက်တွန်းတာကတော့ အကြင်နာကင်းမဲ့တဲ့ အပြုအမူပါပဲ။

၉။ ဘာမှမပြောဘဲ သနားသလိုလိုကြည့်တာ

စကားတော့ တစ်ခွန်းမှမပြောပါဘူး။ ဒါပေမဲ့ အကြည့်နဲ့တင် ဒေါသထွက်စေပါတယ်။ အားငယ်တတ်သူဆိုရင်တော့ စိတ်ဆင်းရဲသွားမှာ အသေအချာပါပဲ။

၁၀။ မြန်မြန်ကြိုးစားတော့လေ

အိမ်ထောင်ပြုတယ်ဆိုတာ အပြေးပြိုင်တာမဟုတ်ပါဘူး။ ဖူးစာဖက်ပေါ်လာမှ နှစ်ဖက်အဆင်ပြေမှ လက်ထပ်လို့ရတာပါ။ ဒါကိုပဲ အတင်းတိုက်တွန်းနေတော့ အပြောခံရသူက တွေ့တဲ့လူကိုပဲ အတင်းလက်ဆွဲပြီး တရားရုံးသွားလိုက်ရတော့မလို အရွဲ့တိုက်ချင်စိတ်ပေါက်သွားပါဦးမယ်။

Source : Cosmopolitan

Share

Loading Next Article...
က္က