ချစ်ဖို့ကောင်းတဲ့သူနဲ့ ချောပြီးမိုက်နေလန်းနေတဲ့သူ ဘယ်လိုအချက်တွေမှာ ဘာတွေကွာခြားမှုရှိလဲဆိုတာ ကြည့်ရအောင်ပါ။
 

လူတစ်ကိုယ် အကြိုက်တစ်မျိုးပါ။ တချို့က ချစ်ဖို့ကောင်းတဲ့ကောင်လေးတွေ၊ ကောင်မလေးတွေကို သဘောကျချစ်ကြိုက်တတ်ကြသလို တချို့ကျတော့လည်း ချောပြီး မိုက်နေလန်းနေတဲ့သူတွေကိုမှ ချစ်သူဖြစ်ချင်ကြတာရှိပါတယ်။ ဒါပေမဲ့ နှစ်မျိုးလုံးမှာတော့ ကောင်းတဲ့အချက်လေးတွေရှိသလို ဆိုးတဲ့အချက်လေးတွေ ရှိမှာပေါ့နော်။

 

၁။ ကိုယ့်ပျော်ရွှင်မှု

ချစ်ဖို့ကောင်းတဲ့သူ - သူကချစ်စရာကောင်းပြီး သူ့ကိုကြည့်နေရင်းနဲ့ကို ကိုယ်ပါပျော်ရတာမျိုးဖြစ်လေ့ဖြစ်ထရှိပါတယ်။ ပေါ့ပေါ့ပါးပါးရွှင်ရွှင်လန်းလန်းနဲ့ ကိုယ်ပျော်ရတဲ့အချိန်များနိုင်ပါတယ်။

ချောပြီးလန်းတဲ့သူ - သူ့ကိုယ်သူ အမြဲလန်းနေမိုက်နေအောင်ဂရုစိုက်နေရတော့ ကိုယ်ပျော်ရွှင်ဖို့ကို သတိထားချင်မှထားပေးလိမ့်မယ်။

 

၂။ သဝန်တိုရတာ

ချစ်ဖို့ကောင်းတဲ့သူ - သူချစ်ဖို့ကောင်းတဲ့အချိန်လေးတွေ၊ ချစ်ဖို့ကောင်းတဲ့အချက်လေးတွေကို ကိုယ်ပဲသိတာပါ။ အဲဒီတော့ တခြားလူအမြင်မှာ သူက သာမန်လူပဲဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒါဆိုရင် အရမ်းကြီးတော့ သဝန်တိုစရာမရှိဘူးပေါ့။

ချောပြီးလန်းတဲ့သူ - ရိုးရိုးလေးပါပဲ။ ချောနေ မိုက်နေတယ်ဆိုမှတော့ ကြိုက်တဲ့သူတွေ၊ ငမ်းတဲ့သူတွေ ဝိုင်းဝိုင်းလည်နေမှာပါ။ ဘယ်လောက်စိတ်လျှော့ထားထား သဝန်တိုရတာ၊ စိတ်ပူရတာတွေ ကြုံလာမှာ သေချာသလောက်ပါပဲ။

 

၃။ နားလည်မှု

ချစ်ဖို့ကောင်းတဲ့သူ - ချစ်ဖို့ကောင်းတဲ့သူတွေက များသောအားဖြင့် ကလေးဆန်တတ်ကြတယ်လို့ ဆိုပါတယ်။ အဲဒီတော့ ကိုယ့်ကိုနားလည်ပေးဖို့ထက် သူ့ကိုနားလည်ခွင့်လွှတ်ရတာတွေက ပိုများနိုင်ပါတယ်။

ချောပြီးလန်းတဲ့သူ - သူက သူလှဖို့၊ သူချောဖို့ပဲစိတ်ဝင်စားနေတာမျိုးဖြစ်တတ်ပေမဲ့ တကယ်တမ်းထက်ထက်မြက်မြက်နဲ့ စိတ်နေစိတ်ထားတွေ လေ့လာအကဲခတ် နားလည်တတ်တဲ့သူတော်တော်များများဟာလည်း ရုပ်ရည်ချောမောသူတွေထဲက ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် သူနားမလည်ရင်တောင် ကိုယ်ကနားလည်မှုရအောင် ညှိယူဖို့လွယ်ကူနိုင်ပါတယ်။

 

၄။ တစ်ပန်းသာခြင်း

ချစ်ဖို့ကောင်းတဲ့သူ - အစကပြောသလိုပဲ သူချစ်ဖို့ကောင်းတယ်ဆိုတာ၊ သူအပြစ်ကင်းစင်တယ်ဆိုတာ လူတိုင်းသိချင်မှသိတာပါ။ ဒါကြောင့် သူ့ကို ဘယ်သူကမှ သတိမထားမိတာမျိုးဖြစ်ဖို့ကများပါတယ်။ အဲဒီတော့ တစ်ခုခုဆို သူဆိုတာ နေရာရဖို့တောင် ရာခိုင်နှုန်းနည်းကောင်းနည်းနေမှာပါ။

ချောပြီးလန်းတဲ့သူ - လူတိုင်းမျက်စိထဲမှာချောပြီးလန်းနေလို့ ပေါ်ပေါ်လွင်လွင်ရှိနေပြီဆိုမှတော့ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် တစ်ပန်းသာနေပြီးသားပါ။ ကောင်းတာပဲပြောပြော၊ ဆိုးတာပဲပြောပြော အဲဒီတစ်ယောက်က ချောပြီးလန်းနေလို့သာ မြင်သာထင်သာရှိနေတာပါ။

 

၅။ လမ်းခွဲဖို့လိုလာရင်

ချစ်ဖို့ကောင်းတဲ့သူ - တော်ရုံလမ်းခွဲဖို့မလွယ်ပါဘူး။ ကိုယ့်ချစ်သူဆိုမှတော့ ချစ်တဲ့စိတ်အရင်းခံက ရှိနေပြီးသားဖြစ်တဲ့အပြင် သူ့ရဲ့ချစ်ဖို့ကောင်းတဲ့အချက်လေးတွေက ကိုယ့်ကိုတစ်ရစ်ပြီးတစ်ရစ် ပိုချည်နှောင်နေတာမျိုးကြောင့် သံယောဇဉ်ပိုတိုးလာတာမျိုးပဲဖြစ်လာနိုင်ပါတယ်။

ချောပြီးလန်းတဲ့သူ - သူ့ကိုချစ်ရတာ ပူလောင်တယ်ဆိုတာ ငြင်းလို့ကိုမရပါဘူး။ စိတ်ပူရမယ်၊ သဝန်တိုရမယ်၊ အခန့်မသင့်ရင် ကိုယ်ကသူနဲ့တွဲနေတဲ့အချိန် သူ့လောက်မချောတော့ စိတ်အားငယ်ရမယ်။ ဒါကြောင့် တကယ်တမ်းလမ်းခွဲဖို့ တေ့တေ့ဆိုင်ဆိုင်ကြုံကြိုက်လာရင် ဒါကောင်းဖို့ပဲဖြစ်လာတာပဲနေမှာပါဆိုပြီး စိတ်ပြတ်သားသွားတာမျိုးဖြစ်တတ်ပါတယ်။

Source : Cosmopolitan

Share

Loading Next Article...
က္က