လည်ဝယ်တဲ့မိန်းကလေးတွေက သူတို့လိမ်နေပြီဆိုတာ သိပါတယ်။
 

အမျိုးသားတွေကတော့ သူတို့ ဒီလိုပြောလိုက်တာနဲ့ သူတို့ရဲ့ချစ်သူ မိန်းကလေးက ကျေနပ်သွားမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ သူတို့ပြောနေတာ အဓိပ္ပာယ်မရှိဘူးဆိုတာကို သင်သိပါတယ်။

၁။ ဖုန်းက Silent လုပ်ထားတာ

သူ ဖုန်းကို Silent လုပ်ထားတယ်ဆိုတာ လိမ်တာ ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါပေမဲ့ ဒါဟာ အကြောင်းပြချက်တစ်ခုပါ။ အလွန်ဆုံး တစ်နာရီအတွင်းမှာ သူ့ဘက်က ဖုန်းပြန်ဆက်သင့်ပါတယ်။

၂။ အိမ်ရောက်ရောက်ချင်း အိပ်ပျော်သွားလို့

စဉ်းစားကြည့်ပါဦး။ သူ့အိမ်တံခါးကို ဖွင့်ဝင်၊ အထဲရောက်တာနဲ့ လဲကျပြီး အိပ်ပျော်သွားတာလား။

Close-up-of-man-back-with-fingers-crossed-behind-640x426.jpg 

၃။ မင်းပို့ထားတဲ့ စာကို မမြင်လို့ပါ

၂၀၁၆ ခုုနှစ်မှာ ဖုန်းကို ခဏခဏမကြည့်တဲ့သူ ရှိသလား။ ခြွင်းချက်အနေနဲ့ လူအနည်းငယ်တော့ ရှိကောင်းရှိပေမဲ့ သူတော့ အဲဒီထဲမှာမပါတာ သင် ကောင်းကောင်းသိပါတယ်။ သင်နဲ့ အတူရှိနေချိန်မှာတောင် သူ့ဖုန်းကို ခဏခဏကြည့်တတ်တယ် မဟုတ်လား။

၄။ အိမ်ပြန်တာနောက်ကျလို့ နိုးသွားမှာစိုးလို့ ဖုန်းမဆက်တာ

သူ မူးပြီး စိတ်လှုပ်ရှားနေချိန် မနက် ၂ နာရီလောက်မှာ ဖုန်းဆက်ဖို့ မတွန့်ဆုတ်ခဲ့သူက ညနေ ရုံးပြန်ချိန်မှာ ဖုန်းဆက်ဖို့ တွန့်ဆုတ်နေတာ လုံးဝအဓိပ္ပာယ်မရှိပါဘူး။

၅။ မင်းက ဘာဝတ်ဝတ် ကြည့်ကောင်းတယ်

ဒါ မဟုတ်ဘူးဆိုတာ သင်လည်း သိတာပဲ။ မိန်းကလေးတစ်ယောက်ဟာ ဝတ်စုံတိုင်းနဲ့တော့ မလိုက်ဖက်နိုင်ပါဘူး။ သူက သင့်ကို သေချာမကြည့်ဘဲ ပြီးပြီးရော ပြောလိုက်တာပါ။

 

၆။ အလုပ်က အရမ်းရှုပ်တာ

အလုပ်က သူ့အတွက် ပြလို့ အကောင်းဆုံး အကြောင်းပြချက်တစ်ခုပါပဲ။ အဲဒါကြောင့်ပဲ သူ သင့်ဆီကို စာပြန်မပို့တာ၊ အဲဒါကြောင့်ပဲ သူ သင်နဲ့ မတွေ့နိုင်တာ၊ အဲဒါကြောင့်ပဲ ပင်ပန်းလွန်းပြီး သင်နဲ့ ပျော်ပျော်ပါးပါး လျှောက်မသွားနိုင်တာ။ သင့်ကို အချိန်ပေးရမယ့် သူ့တာဝန်ကို လျစ်လျူရှုချင်လို့ အကြောင်းပြချက်တစ်ခုအနေနဲ့ အလုပ်ကို အသုံးချခြင်းသာ ဖြစ်ပါတယ်။

၇။ ငါ မင်းကို ဘယ်တော့မှ မလိမ်ဘူး

သူလိမ်ညာထားတာကို ဖုံးကွယ်ဖို့ နောက်ထပ် လိမ်ညာမှုတစ်ခုပါပဲ။

Source & Photos : Life

Share

Loading Next Article...
က္က