သင့်ကိုရတာ သူကံကောင်းတယ်လို့ ထင်ချင်မှထင်မယ်
 

အရမ်းလန်းတဲ့ ကောင်လေးတွေကို ချစ်သူတော်ရတာဟာ အချစ်ရေးကို ပိုမို ခက်ခဲစေနိုင်ပါတယ်။ သူ့ရဲ့အပြုံး၊ သူ့ရဲ့အကြည့်တွေဟာ သင့်ကို ရူးလောက်အောင် ဖမ်းစားနိုင်ပေမဲ့ ချစ်သူမတော်ခင်မှာတော့ ဒါလေးကို ပြန်စဉ်းစားပေးပါ။

၁။ သူဟာ သင့်ကို ဂရုစိုက်တာထက် သူ့ကိုယ်သူဟာ ပိုဂရုစိုက်တဲ့သူ ဖြစ်နိုင်ပါတယ်

အဲဒီလို ယောက်ျားမျိုးကို တကယ်ပဲ သင် ချစ်သူတော်ချင်သလား။ ဒီဇိုင်း အရမ်းလန်းပြီး သန့်ပြန့်နေတဲ့ ယောက်ျားတွေဟာ ဘာပဲ ဝယ်ဝယ် သူတို့အတွက်သာ ဦးစားပေးတတ်သူတွေ ဖြစ်တတ်တာ များပါတယ်။

၂။ သင်ဟာ အရမ်းသဝန်တိုတတ်သူလား

အရမ်းလန်းတဲ့ ယောက်ျားတစ်ယောက်ကို သင်လည်း ရင်ခုန်သလို ကောင်မလေးတော်တော်များများလည်း ကြွေကြမှာ သင်သိပါတယ်။

တကယ်လို့ သင်ဟာ သင့်ရဲ့သဝန်တိုစိတ်ကို မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ အမြဲတမ်း ပူလောင်နေရပါလိမ့်မယ်။

 

၃။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်သွားရင် ဘဝင်လည်း မြင့်တတ်တယ်

ခန့်ညားသန့်ပြန့်နေတဲ့ အမျိုးသားတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိသူတွေပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတာ ကောင်းပေမဲ့

ယုံကြည်မှုလွန်ကဲလာတဲ့အခါ သူ့ကိုယ်သူ နတ်ဘုရားတစ်ပါးလို၊ သိပ်စွံပြီး သိပ်တော်တဲ့သူလို ထင်မြင်သွားပြီး ဘဝင်မြင့်သွားနိုင်ပါတယ်။

၄။ သူ့မှာ အရေပြားတစ်ထောက်စာ အလှပဲ ရှိသလား

သူရဲ့ ရုပ်ရည်ကိုပဲ ကြည့်ပြီး သင်သဘောကျနေတာဆိုရင် သူနဲ့ ချစ်သူ မဖြစ်သင့်ပါဘူး။ သူ့ရဲ့ အပြုအမူ၊ အနေအထိုင်၊ အကျင့်စရိုက်တွေကိုလည်း သင်နှစ်သက်နေဖို့ လိုပါတယ်။

 

၅။ သင့်ကိုရတာ သူကံကောင်းတယ်လို့ ထင်ချင်မှထင်မယ်

သူဟာ ပြည့်စုံနေတဲ့သူဖြစ်လို့ သင်ကသာလျှင် သူ့ကို ရတာကံကောင်းတယ်လို့ တွေးချင်တွေးနိုင်ပါတယ်။ အဲဒီအတွေးနဲ့ အပြောတွေကို သင် ရေရှည်လက်ခံနိုင်မလား။

Source & Photos : Life

Share

Loading Next Article...
က္က