၁ - မပြောဘူး
သိပေမဲ့ အတင်းဝင်မပြောတတ်တဲ့ အကျင့်ကို မွေးပါ။ အရာရာငါသိတ် ငါတတ်လုပ်သူကို ဘယ်သူမှ သဘောမကျပါဘူး။ မသိဘဲ ဝင်ပြောတဲ့အကျင့်ကိုတော့ ဖျောက်ပစ်ရမှာဖြစ်ပါတယ်။
၂ - မငြီးငြူဘူး
အမြဲတမ်းငြီးငြူနေသူကို ဘယ်သူမှ သဘောမကျပါဘူး။ တော်ရုံနဲ့ မငြီးငြူတတ်တဲ့ အကျင့်ကိုလည်း ပျိုးထောင်ရမှာ ဖြစ်ပါတယ်။
၃ - စိတ်ရှည်
စိတ်မရှည်တတ်တာကြောင့် သင့်ကို မိတ်ဆွေတွေက ပေါင်းသင်းရမှာ လန့်တတ်ပါတယ်။ စိတ်ရှည်တတ်အောင်လည်း လေ့ကျင့်ထားသင့်ပါတယ်။
၄ - ချီးကျူးတတ်
တစ်ဖက်လူကို ချီးကျူးဖို့ လူတွေက ဝန်လေးတတ်ကြပါတယ်။ ဒီလိုဝန်လေးမှုကို ဖျောက်ပါ။ တကယ်တော်တဲ့လူကို အရှိအတိုင်း ချီးကျူးတတ်ဖို့ လိုပါတယ်။ သူ့ကို အသိအမှတ်ပြုတာကြောင့် သင့်ကိုလည်း ပြန်အသိအမှတ်ပြုမှာ ဖြစ်ပါတယ်။
၅ - မစပ်စုဘူး
ကိုယ့်ကို မပြောတဲ့ကိစ္စကို မစပ်စုတတ်တဲ့အကျင့်က အလွန်ကောင်းပါတယ်။ ကိုယ့်ကို မခေါ်တဲ့ စကားဝိုင်းကိုလည်း ဝင်မပါပါနဲ့။ ဒီလိုအကျင့်ကြောင့် သင်ဟာ လေးနက်သူ၊ ကိုယ်ဘာကိုယ် အေးဆေးနေတတ်သူအဖြစ် လူတွေက လေးစားမှုနဲ့ ခင်မင်ပါလိမ့်မယ်။
Photos & Source: Lifehack