ကိုယ့်မှာ သူသဘောအကျဆုံးအစိတ်အပိုင်းက ဘာလဲ
 

ချစ်သူရယ်လို့ဖြစ်လာပြီးရင်တော့ သူ့အကြောင်းကိုယ့်အကြောင်း၊ သူနဲ့ပတ်သက်တဲ့ကိုယ့်ခံစားချက်၊ ကိုယ်နဲ့ပတ်သက်တဲ့သူ့ခံစားချက်နဲ့ သူကိုယ့်ကိုဘယ်လိုမြင်တယ်၊ ကိုယ်သူ့ကိုဘယ်လိုမြင်တယ်ဆိုတာမျိုးတွေက မသိမဖြစ်၊ မမေးမဖြစ် သိထားမေးထားရမယ့်အချက်တွေပါ။ ဒါဆိုရင် ချစ်သူဖြစ်တာ (၁)နှစ်မပြည့်သေးခင်မှာပဲ ချစ်သူအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမေးခွန်းမျိုးတွေ မမေးမဖြစ်မေးသင့်လဲ...

၁။ တစ်ယောက်ယောက်က " မင်းသူ့ကိုဘာလို့ချစ်တာလဲ ? " လို့မေးလာရင် ဘယ်လိုဖြေမလဲ ? "

၂။ ကိုယ်နဲ့ပတ်သက်ပြီး သူစိတ်အရှုပ်ရဆုံး၊ နားလည်ရအခက်ဆုံးဖြစ်နေတဲ့အချက်က ဘာလဲ ?

၃။ နေ့တိုင်းကိုယ်သူ့အတွက် လုပ်ပေးနေကျဖြစ်ပြီး သူအမြဲအမှတ်ရနေတဲ့ အသေးအဖွဲကိစ္စလေးတစ်ခုက ဘာလဲ ?

၄။ နှစ်ယောက်တွဲလျက် အတူတူအကောင်အထည်ဖော်ချင်နေတဲ့ကိစ္စတစ်ခုက ဘာလဲ ?

၅။ ကိုယ်နဲ့လုံးဝမတွေ့ဘဲ မဆက်သွယ်ဘဲ မနက်မိုးလင်းတဲ့အချိန်ကနေ ညအထိ တစ်ရက်တာလုံးကို သူဘယ်လိုကုန်ဆုံးမလဲ ?

 

၆။ ကိုယ့်ကိုလူတွေကြားထဲမှာ အကြင်နာပေးရမယ်ဆိုရင် သူဘယ်လိုခံစားရမလဲ ?

၇။ ကိုယ့်မှာ သူသဘောအကျဆုံးအစိတ်အပိုင်းက ဘာလဲ ?

၈။ ကိုယ်က သူ့အပေါ်မှာ ဘယ်အချက်တစ်ချက်ကို အဓိကနားလည်ပေးစေချင်နေလဲ ?

 

၉။ ကိုယ့်ရဲ့ဘယ်အပြုအမူက ကိုယ်သူ့ကိုတကယ်ဂရုစိုက်မှန်း၊ ချစ်မှန်း သိသာစေလဲ ?

၁၀။ ကိုယ်နဲ့ပတ်သက်ပြီး အခုထိ သူလိုချင်၊ ဖြစ်ချင်နေပြီး မတောင်းဆိုရသေးတဲ့အရာက ဘာလဲ ?

၁၁။ ကိုယ့်ဆီက သူသင်ချင်တဲ့အရာကဘာလဲ ?

၁၂။ ကိုယ်နဲ့ပတ်သက်ပြီး သူလေးစားတဲ့အချက်က ဘာလဲ ?

 

၁၃။ " ချစ်တယ် " ဆိုတဲ့စကားကို တစ်ရက်မှာ ဘယ်နှစ်ကြိမ်လောက် ကြားချင်လဲ ?

Source : Cosmopolitan

Share

Loading Next Article...
က္က