သင့်ရဲ့ထူးခြားမှုဟာ တခြားသူတွေအတွက် မျက်စိစပါးမွေးစူးစရာ ဖြစ်နေပြန်ပါတယ်။
 

ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ မိန်းကလေးတွေဟာ ဖော်ရွေတယ်၊ တက်ကြွတယ်၊ စကားကိုလည်း ပွင့်ပွင့်လင်းလင်းပြောတတ်တယ်။ ဘာမှ ကြိုးစားစရာမလိုဘဲ လူစိတ်ဝင်စားခံနေရတဲ့ မိန်းကလေးဖြစ်နေပြီဆိုရင် ဒီအခက်အခဲတွေကို မလွဲမသွေ ရင်ဆိုင်ရမှာပါပဲ။

၁။ မိန်းကလေးတွေက သင့်ကို ပြိုင်ဘက်လို့ မြင်တယ်

သင့်မှာ ထူးခြားတဲ့ အရည်အသွေးတွေ ရှိတာကြောင့် အမြဲတမ်း လူကြားထဲမှာ ထင်ပေါ်နေပါတယ်။ မိန်းကလေးတွေက သင့်ဘေးနားကိုု ရောက်လာတဲ့အခါ သင့်ကို အရေးမစိုက်သလို လုပ်ပြတတ်တယ်။ တခြားမိန်းကလေးတွေက သူတို့အချင်းချင်း ခင်ခင်မင်မင်ပြောနေပေမဲ့ ဘာကြောင့် ငါ့ကို အဲဒီလို မဆက်ဆံရတာလဲဆိုပြီး အမြဲလိုလို သင်စိတ်ညစ်ရမှာ သေချာပါတယ်။

 

၂။ အမျိုးသားတွေက သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာလို့ ထင်တယ်

သင်စကားပြောလိုက်တာနဲ့ တချို့ယောက်ျားတွေက ထွက်ပြေးသွားပါလိမ့်ယမ်။ သူတို့ဟာ အခန်းထဲကလူတွေကို သဘောကျအောင် လုပ်ပေးနိုင်ဆုံးသူဖြစ်အောင် ကြိုးစားနေတာပါ။ သူတို့ရဲ့ထင်ပေါ်မှုကို ခိုးယူမယ့် သင်ရောက်လာတော့ ဘယ်သဘောကျနိုင်မလဲ။ သင့်ရဲ့ဟာသဉာဏ်က သူတို့ထက် ပိုကောင်းနေတော့ သူတို့ သင့်ကို ကြောက်ကြတယ်။

၃။ ကိုယ်က အပျော်သဘော ငြင်းခုန်ပေမဲ့ တချို့က တကယ်လို့ ထင်တယ်

သင်က ထေ့တဲ့ ငေါ့တဲ့နေရာမှာ ဆရာမကြီး။ အပျော်သဘော ငြင်းခုန်ရတာလောက် သင့်အတွက် ပျော်စရာကောင်းတာ မရှိဘူး။ တစ်ခါတလေမှာ နောက်ရင်းပြောင်ရင်း သူများကို စိတ်ထိခိုက်အောင် မတော်တဆလုပ်မိတတ်တယ်။ သင်က နောက်တာလို့ ပြောလည်း မရတော့ဘူး။ သင်က အတော်ဆိုးရွားတဲ့မိန်းကလေးလို့ သူတို့က ထင်သွားကြပြီ။

၄။ သင်နဲ့ အဆင်ပြေမယ့်သူ ရှာရခက်တယ်

သင့်ကို နားလည်းသဘောပေါက်နိုင်တဲ့ ယောက်ျားကို ရှာရတာ အရမ်းကို ခက်ခဲပါတယ်။ သင်က ထက်မြက်တယ်၊ ဟာသဉာဏ်ရှိတယ်၊ ပျော်တတ်တယ်။ ယောက်ျားတော်တော်များများဟာ သူတို့ကို ဟာသလုပ်မယ့် မိန်းကလေးတွေကို သဘောမကျတတ်ကြပါဘူး။ သင့်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဟာသတွေနဲ့ နောက်ပြောင်မှုကို ခံနိုင်တဲ့ အမျိုးသားကို တွေ့ရင် ရွေးချယ်ဖို့ သင်စဉ်းစားသင့်တယ်။

 

၅။ အပျော်အပါးမက်သူလို့ လူတွေက ထင်တယ်

သင်ဟာ အမြဲပျော်ရွှင်တက်ကြွနေတတ်တဲ့အတွက် အပေါင်းအသင်းဆန့်ပြီး ပါတီပွဲတွေ အမြဲတက်နေသူလို့ လူတွေက သင့်ကို ထင်ကြပါတယ်။

၆။ သင်နဲ့မတွေ့ခင်ကတည်းက လူတွေက သင့်အကြောင်းကြားဖူးနေတယ်

"မင်းအကြောင်းတွေ အများကြီးကြားထားပါတယ်" ဒါမှမဟုတ် "မင်းနာမည်ကို ကြားဖူးတယ်လို့ထင်တယ်" ဆိုတဲ့ စကားတွေ သင် မကြားခဏ ကြားရမှာပါ။ သင်လုပ်သမျှ၊ ပြောသမျှတွေဟာ လူတွေရဲ့ ပါးစပ်ဖျားမှာ ပြောစမတ်အဖြစ် ကျန်ခဲ့တဲ့အတွက်ကြောင့်ပါ။

၇။ စကားကို မဆင်မခြင်ပြောတတ်လို့လည်း ဒုက္ခရောက်ရတယ်

သင်ကတော့ ဘာမှမဖြစ်လောက်ဘူးထင်လို့ ပြောလိုက်ပေမဲ့ တစ်ဖက်လူမှာ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ရတယ်။ သင်က သူများကို စော်ကားချင်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါတလေမှာ သင့်ဦးနှောက်နဲ့ သင့်ပါးစပ်ကြားမှာ ဆက်သွယ်မှုက ပြတ်သွားတတ်တယ်။

Source & Photos : Life

Share

Loading Next Article...
က္က