ကိုယ့်ချစ်သူလေးရဲ့အကြိုက်ကို သေသေချာချာသိပြီးမှ ပေးရင်တော့ အကောင်းဆုံးပေါ့။

ယောက်ျားလေးတစ်ဦးအနေနဲ့ ကိုယ်ချစ်မြတ်နိုးရတဲ့ မိန်းကလေးကို လက်ဆောင်လေးတွေ ပေးလေ့ရှိကြပါတယ်။ မိန်းကလေးတွေအဖို့မှာလည်း ကိုယ့်ချစ်သူက ပေးအပ်လာတဲ့ လက်ဆောင်တွေကြောင့် ပျော်ရွှင်ကြည်နူးရသလို ပိုပြီးတော့လည်း ချစ်မိလာမှာသေချာပါတယ်။ ဒါပေမဲ့ ဒီလိုလက်ဆောင်တွေကိုတော့ မိန်းကလေးတွေက မလိုချင်ကြပါဘူး။

 

၁။ ရေမွှေး

ဘယ်လိုအနံ့၊ ဘယ်လိုတံဆိပ်ဆိုတာ တိတိကျကျ မသိဘဲ ကိုယ်ဝယ်ပေးချင်တာ ဝယ်ပေးပြီးမှ အနံ့မကြိုက်ဘူးဆိုရင် ချောင်ထဲမှာထိုးထားမိမှာ သေချာပါတယ်။

 

၂။ အိမ်မွေးတိရစ္ဆာန်

ခွေးမချစ်တဲ့သူကို ခွေးတစ်ကောင်လက်ဆောင်ပေးတာမျိုးက အလုပ်ရှုပ်ရုံပဲ အဖတ်တင်ပါလိမ့်မယ်။

 

၃။ ပိုက်ဆံ

လူတိုင်းတော့ ပိုက်ဆံကို မက်မောတာပေါ့။ ဒါပေမဲ့ ဒါသင့်ရဲ့ချစ်သူပါ။ တောင်းစားနေသူမဟုတ်လို့ ပိုက်ဆံကိုလက်ဆောင်အဖြစ်မပေးပါနဲ့။

 

၄။ အဖိုးတန်ကျောက်မျက်ရတနာ

လက်ဝတ်လက်စားလို အဖိုးတန်ကျောက်မျက်ရတနာတွေ ပေးမယ်ဆိုရင် သူ့အကြိုက်ကို သိအောင်ကြိုးစားပြီးမှ ပေးသင့်ပါတယ်။ တန်ဖိုးကြီးလက်ဆောင်ဆိုတော့ မကြိုက်ဘူးဆိုရင် သူများပေးပစ်ဖို့လည်းခက်တော့ အောင့်သက်သက်နဲ့ ဝတ်နေရတဲ့အခါ ပျော်ရွှင်မယ်မထင်ပါဘူး။

Share

Loading Next Article...
က္က