ချစ်လွန်းလို့ ဖြစ်သွားရတာပါပဲ။

တစ်ခါတစ်ရံမှာ ချစ်သူနှစ်ဦးလမ်းခွဲရတာ အမုန်းကြောင့်မဟုတ်ဘဲ ချစ်လွန်းလို့ ဖြစ်သွားရတာတွေလည်း ရှိတတ်ပါတယ်။ မိန်းကလေးတွေဟာ ချစ်သူကို အရမ်းချစ်လွန်းတော့ နွဲ့ဆိုးဆိုးရာကနေ များသွားပြီး အမှားတွေ ကျူးလွန်မိတတ်ကြတာပါပဲ။ မိန်းကလေးတို့သဘာဝကိုက ဒီလိုစိတ်မျိုးတွေ ရှိတတ်ကြတော့ ယောက်ျားလေးတွေက နားလည်မပေးနိုင်တဲ့အခါ ချစ်ခြင်းက အဆုံးသတ်သွားရပါလိမ့်မယ်။

၁။ စိတ်ကောက်တာ

ကိုယ့်ချစ်သူက ချော့တာကို ခံချင်လွန်းတော့ စိတ်ကောက်တတ်ကြပါတယ်။ ဘာမဟုတ်တာလေးနဲ့ နှုတ်ခမ်းကြီးစူပြီး မခေါ်နိုင်မပြောနိုင် ဖြစ်နေတာမျိုးပေါ့။ ဖုန်းခေါ်ရင်လည်း အနည်းဆုံး ငါးကြိမ်လောက်ခေါ်ပြီးမှ ပြန်ဖြေတယ်။

girl-looking-guy-outdoor.jpg 

၂။ သဝန်တိုတာ

ချစ်လွန်းတော့လည်း သဝန်တိုရတာပါပဲ။ သဝန်တိုတယ်ဆိုတဲ့နေရာမှာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် တိုတတ်ကြတာပဲမဟုတ်လား။ ဒါပေမဲ့ သဝန်တိုတဲ့အဆင့်ကို ကျော်လွန်ပြီး ဟိုလူနဲ့စွပ်စွဲ ဒီလူနဲ့စွပ်စွဲတဲ့အဆင့်အထိ ဖြစ်လာရင်တော့ တစ်ဖက်သားသိက္ခာကို စော်ကားသလို ဖြစ်မိတတ်ပါတယ်။

၃။ မျက်ရည်

အသည်းငယ်တဲ့ မိန်းကလေးတွေက နည်းနည်းလေးမှကို အမှားမခံတတ်ကြပါဘူး။ စကားခပ်မာမာပြောမိရင်ကိုပဲ မျက်ရည်လည်ရွှဲဖြစ်တတ်ကြပါတယ်။ ထူးဆန်းတာကတော့ အခြားကိစ္စတွေမှာ အသည်းမာသလောက် အချစ်ရေးကျမှ အထိမခံဖြစ်တယ်ဆိုတာ ချစ်လွန်းလို့ပဲမဟုတ်လား။

Cute-Couple-in-Love-Wallpapers.jpg 

၄။ နွဲ့ဆိုး

ခပ်ငယ်ငယ်မိန်းကလေးတွေကို ချစ်သူတော်ထားရတဲ့ ယောက်ျားလေးတွေမှာ ဒီဒဏ်ကို အခံရဆုံးပါပဲ။ ဆံပင်တွေစည်းပေးတာမျိုး၊ နှုတ်ခမ်းနီအတင်းဆိုးခိုင်းတာမျိုးတွေ လုပ်တတ်သလို တချို့ဆိုရင် လူကြားထဲရောက်မှ ဟိုဟာလုပ်ပေးပါဦး၊ ဒီဟာလုပ်ပေးပါဦးဆိုပြီး အသံချိုချိုလေးနဲ့ ခိုင်းတတ်ပါတယ်။ ကိုယ့်ချစ်သူကို ကြောလိုတဲ့သဘာတော့ မဟုတ်ပါဘူး။ တမင်ဆိုးချင်လို့ ခိုင်းနေတာပါ။

maxresdefault.jpg 

၅။ စပ်စုတာ

မိန်းကလေးပီပီ စပ်စုချင်တဲ့စိတ်အခံလေးကလည်းရှိပြန် ကိုယ့်ချစ်သူက သူများနောက်ပါသွားမှာလည်း ကြောက်ပြန်တော့ မေးခွန်းတွေ တရစပ် လာတော့တာပါပဲ။ ဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဘယ်သူနဲ့တွေ့တယ်ကအစ အစီရင်ခံစာတင်သလိုကို မေးမြန်းကြပါတယ်။ ဒါကို ယောက်ျားလေးတွေက ရစ်တယ်လို့ ထင်တတ်ကြပေမဲ့ တကယ်တမ်းမှာတော့ ချစ်လွန်းလို့ မေးမိတာတွေသာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က