ခဏခဏငိုပြနေတော့ ကြာရင်စိတ်ကုန်သွားနိုင်ပါတယ်။

လူဆိုတာ ခံစားချက်နဲ့တည်ဆောက်ထားတာပါ။ စိတ်ထိခိုက်တာ၊ ဝမ်းနည်းတာ၊ စိတ်အားငယ်လာတာတွေနဲ့ကြုံတဲ့အခါမှာ ငိုချင်စိတ်ဆိုတာလည်း ဖြစ်တတ်စမြဲပါပဲ။ ချစ်သူဆိုတာလည်း ဘဝရဲ့အရေးအကြီးဆုံးအစိတ်အပိုင်းတွေထဲက တစ်ခုပဲမို့လို့ သူ့ရှေ့မှာ ပျော်တာ၊ စိတ်ညစ်တာ၊ ငိုတာ၊ ရယ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ချစ်သူရှေ့မှာ ငိုမိတဲ့တာက မကောင်းတဲ့အချက်တွေရှိပါတယ်။

 

၁။ စိတ်ဓာတ်ကြံ့ခိုင်မှု

ယောကျ်ားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ငိုတယ်ဆိုကတည်းက စိတ်ထိခိုက်လွယ်တယ်လို့သတ်မှတ်ခံရစမြဲပါပဲ။ ကိုယ့်ချစ်သူရှေ့မှာဆိုရင်တော့ ဘယ်သူကမှ အားနွဲ့တဲ့သူ၊ စိတ်ဓာတ်ကြံ့ခိုင်မှုမရှိတဲ့သူအဖြစ် အမြင်ခံချင်ကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ချစ်သူရှေ့မှာ ငိုမိတဲ့အကြိမ်အရေအတွက်များလာရင်တော့ ကိုယ့်ကို ကိုယ့်ချစ်သူက အားနွဲ့ပြီးစိတ်ဓါတ်ကြံ့ခိုင်မှုမရှိတဲ့သူအဖြစ် မြင်သွားနိုင်ပါတယ်။

 

၂။ ရုပ်ဆင်းသွင်ပြင်

ငိုရင်ကြည့်လို့လှတဲ့သူဆိုတာ ခပ်ရှားရှားပါ။ ကိုယ့်ချစ်သူရှေ့မှာ ရုပ်ဆိုးဆိုးမျက်နှာကို မပြချင်ဘူးမို့လား။

 

၃။ ဂရုစိုက်မှု

ချစ်သူရှေ့မှာ ကိုယ်ကမကြာခဏငိုမိနေရင် နောက်ပိုင်းမှာ ကိုယ်တကယ်ခံစားရပြီး ငိုကြွေးမှုတွေရှိလာတဲ့အခါမှာ သူ့အတွက်သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုလိုဖြစ်လာပါတော့မယ်။ ကိုယ်ခံစားချက်ကို အစကလောက်တော့ ဂရုတစိုက်ရှိမနေနိုင်တော့ပါဘူး။

 

၄။ နောင်တ

လူဆိုတာ ကိုယ်လုပ်တဲ့ကိစ္စရပ်တစ်ခုခုပေါ်မှာ လုပ်မိပြီးသွားရင် နောင်တရတတ်နေတာမျိုးပါ။ ကိုယ်က ချစ်သူရှေ့မှာငိုယိုမိပြီးတော့မှ တကယ်တမ်းအားလုံးပြီးဆုံးသွားတဲ့အချိန်မှာ ငါသူ့ရှေ့မှာငိုမိလို့ သူငါ့ကိုစိတ်ပျက်သွားပြီလား၊ အပေါ်မှာဖော်ပြထားတဲ့အချက်တွေလိုမျိုး သူပြောင်းလဲဖြစ်ပျက်လာတော့မှာလားဆိုပြီး နောင်တတွေရနေရရင်လည်း အဆင်မပြေပါဘူး။

Source : Cosmopolitan

Share

Loading Next Article...
က္က