ကြာလာရင် လူတွေစိတ်ပျက်ပြီး ဖယ်ကြဉ်ထားလို့ အပယ်ခံဘဝရောက်မှာ အသေအချာပါပဲ။
 

လူဆိုတာ ကိုယ်ထူးချွန်ရာ ကိုယ်ကျွမ်းကျင်ရာ အစိတ်အပိုင်း အတတ်ပညာတွေ ကိုယ်စီရှိကြစမြဲပါ။ အဲဒီလိုပဲ တခြားလူတွေ သူတို့ဘာသာသူတို့ထူးချွန်ကျွမ်းကျင်မှုရှိနေရင်လည်း ကိုယ်က နေရာပေး၊ အသိအမှတ်ပြုရတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ တချို့လူတွေကတော့ ကိုယ်နဲ့ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ကိစ္စတိုင်းကို ဝင်ရောက်စွက်ဖက်ချင်တာ၊ ပါဝင်ပတ်သက်ချင်လွန်းနေတာတွေ ရှိတတ်ပါတယ်။ ဒါဆို အဲဒီလိုအကျင့်စရိုက်ရှိတဲ့သူတွေအတွက် မကောင်းတဲ့အချက် ဆိုးကျိုးတွေက ဘာတွေရှိနိုင်မလဲ...

 

၁။ လူမုန်းများတယ်

ရိုးရိုးလေးပါပဲ။ နေရာတကာဆရာကြီးလုပ်၊ ဝင်ပါနေမှတော့ တော်ရုံလူဆို သည်းခံနိုင်မှာမဟုတ်ပါဘူး။ လူတိုင်းက ကိုယ်နဲ့ဆိုင်တာကိုပဲ စိတ်ဝင်တစားနဲ့အကောင်းဆုံးကြိုးစားလုပ်ကိုင်ရင် ဘယ်သူကမှ မျက်မုန်းကျိုးစရာအကြောင်းမရှိပါဘူး။

 

၂။ အသိအမှတ်မပြုဘူး

ကိုယ်တကယ်တော်လို့တတ်လို့ နေရာတကာဝင်ပါနေတယ်ဆိုရင်တောင် အဲဒီလိုလုပ်တာများလာရင် ကိုယ်တော်တာတတ်တာကို ဘယ်သူမှမမြင်တော့၊ အသိအမှတ်ပြုတော့မှာမဟုတ်ပါဘူး။

 

၃။ အရှက်ကွဲနိုင်တယ်

တကယ်လို့ ကိုယ်ဝင်ပါလိုက်တဲ့ကိစ္စ၊ ကိုယ်ဆရာဝင်လုပ်လိုက်တဲ့ကိစ္စက အကြောင်းကြောင်းကြောင့် မှားယွင်းသွားတာ၊ လွဲချော်သွားတာမျိုးဖြစ်လာရင် သာမန်ထက်ပို အရှက်ရပြီး လူသိရှင်ကြားဖြစ်ရပါမယ်။

 

၄။ အထီးကျန်လာတယ်

ဒါလည်းရိုးရှင်းပါတယ်။ ကိုယ်ကနေရာတကာဝင်ပါပြီး လူမုန်းများတဲ့သူတစ်ယောက်ဖြစ်လာရတဲ့အခါမှာ ဘယ်သူကမှကိုယ့်ကိုအဖက်မလုပ်ချင်တော့ပါဘူး။ အဲဒီတော့ အပယ်ခံဘဝနဲ့ အလိုလိုအထီးကျန်ဆန်လာရတော့တာပါ။

Source : Cosmopolitan

Share

Loading Next Article...
က္က