ဒါမျိုးလေး ရမယ်ဆို ပျော်သွားမှာ အသေချာပါပဲ။
 

Ben Hewins ဆိုသူဟာ ဇနီးဖြစ်သူကို ခရစ္စမတ်လက်ဆောင်ပေးဖို့ စိတ်ကူးကောင်းကောင်းနဲ့ ကိုယ်တိုင်ဖန်တီးခဲ့ပုံကို ဖေ့စ်ဘွတ်ပေါ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ သူက တကယ်ကို အံ့သြဖွယ်ကောင်းတဲ့ ပြက္ခဒိန်ကြီးတစ်ခု လုပ်ခဲ့တာပါ။

 

၂.၃ မီတာ ရှည်လျားတဲ့ ပြက္ခဒိန်ပုံစံလက်ဆောင်ကို သစ်သားနဲ့ ပြုလုပ်ခဲ့ပါတယ်။ ပြက္ခဒိန်မှာပါတဲ့ နေ့စွဲအကွက်လေးတွေနေရာမှာ တံခါးပေါက်လေးတွေ လိုက်ဖောက်ကာ တံခါးတိုင်းမှာ ဇနီးအတွက် လက်ဆောင်တွေကို ထည့်ထားပေးခဲ့ပါတယ်။ လက်ဆောင်တွေကလည်း အစုံပါပဲ။

 

ဒီလိုစိတ်ကူးဟာ သူ့ဇနီးသည်ကြောင့်  ရလာခဲ့တာလို့ ဘန်က ပြောပါတယ်။ သူ့ရဲ့ဇနီးသည်ကလည်း ဖန်တီးနိုင်စွမ်းရှိသူဖြစ်ပြီး သူ့ကိုအမြဲတမ်း အမိုက်စားလက်ဆောင်လေးတွေ ပေးလေ့ရှိပါသတဲ့။ တစ်ခါတုန်းကဆိုရင် ဘန်ရဲ့အံဆွဲထဲမှာ စာရေးထားတဲ့ အသည်းပုံစက္ကူခေါက်လေးတွေ တစ်လစာဖွင့်ကြည့်ဖို့ ထားပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီနှစ်အတွက်တော့ ဘန်က ဇနီးသည်ကို ဒီဇင်ဘာ တစ်လစာ နေ့တိုင်းရမယ့် လက်ဆောင်တွေကို ပြက္ခဒိန်ကြီးနဲ့ ပေးဖြစ်သွားပါတော့တယ်။

Source : Metro

Share

Loading Next Article...
က္က