နှစ်ဦးပဲသိတဲ့ ကိစ္စဆိုတာ နှစ်ဦးပဲသိလေ ကြည်နူးစရာကောင်းလေပါ။
 

၁ - ဖေ့စ်ဘွတ်သုံးလွန်းတယ်

နှစ်ဦးသားဆက်ဆံရေးအခြေအနေကို ဖေ့စ်ဘွတ်မှာ တင်လွန်းတာဖြစ်ပါတယ်။ တစ်ယောက်ပေါ်တစ်ယောက် ဘယ်လိုခံစားရတယ်ဆိုတဲ့ ပို့စ်တွေ၊ ဘယ်လိုချစ်တယ်ဆိုတဲ့ ပို့စ်တွေ တင်ခြင်းဟာ နှစ်ဦးသားကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ပိုခက်ခဲသွားတတ်ပါတယ်။ နှစ်ဖက်သူငယ်ချင်းတွေ သိသွားတာ၊ နှစ်ယောက်ပြဿနာကို အများသိနေတာတွေက ကောင်းမွန်တဲ့လက္ခဏာတွေ မဟုတ်ပါဘူး။

၂ - ကြွားပေးဖို့

shutterstock_350559932-woman-angry-antonio-guillem-slide3.jpg 

 ကိုယ်ဘယ်လောက်လှကြောင်း၊ ကိုယ့်အပေါ် ဘယ်လောက်ချစ်ကြောင်း ကိုယ့်လက်တွဲဖော်က ဖေ့စ်ဘွတ်ပေါ်မှာ တင်တာကို မြင်ချင်တာပါ။

၃ - နှစ်ဦးကိစ္စ

shutterstock_387937327-couple-snuggling-mikhail_kayl-slide4.jpg 

နှစ်ဦးပဲသိတဲ့ ကိစ္စဆိုတာ နှစ်ဦးပဲသိလေ ကြည်နူးစရာကောင်းလေပါ။ ဒါပေမဲ့ ဒီကိစ္စကို ဖေ့စ်ဘွတ်လိုနေရာမျိုးမှာတင်လိုက်တဲ့အခါ သင်တို့နှစ်ဦးဆက်ဆံရေးကို အများက အားကျတာမျိုး ဖြစ်နိုင်ပေမဲ့ သူ့ရဲ့ နဂိုမူလတန်ဖိုး ပျောက်ကွယ်သွားပါတယ်။

၄ - တကယ်ထင်တယ်

shutterstock_215542018-facebook-finger-scyther5-slide6.jpg 

နှစ်ဦးသား သံယောဇဉ်ကို တွက်ဆတဲ့အခါ ဖေ့စ်ဘွတ်ကို တကယ့်ဘဝကြီးလို ထင်တာပါ။ တကယ်တော့ ဖေ့စ်ဘွတ်ဟာ အပေါ်ယံမျက်နှာတစ်ခုသာ ဖြစ်ပြီး လူတွေရဲ့ တကယ့်စရိုက်အစစ်အမှန်ကို မပြသပေးနိုင်ပါဘူး။

Photos & Source: Prevention

Share

Loading Next Article...
က္က