အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတဲ့ စုံတွဲတိုင်း လူလွတ်ဘဝမှာ ဒီအတွေ့အကြုံတွေ ရှိထားသင့်ပါတယ်။

 

တစ်စုံတစ်ယောက်နဲ့ မင်္ဂလာဆောင်ပြီးအ တူနေဖို့ ဆုံးဖြတ်တာဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး အရေးအကြီးဆုံးလည်း ဖြစ်ပါတယ်။ တစ်ဘဝလုံးအတူနေဖို့ ဆုံးဖြတ်သွားမယ့်သူအကြောင်းကို သာမန်ထက်တော့ သင့်ဘက်က ပိုပြီးသိထားသင့်ပါတယ်။

မင်္ဂလာမဆောင်ခင်မှာ စုံတွဲတွေအားလုံး ရှိထားသင့်တဲ့ အတွေ့အကြုံ (၉) ခုရှိပါတယ်။

၁။ အကြီးအကျယ် စကားများခြင်း

 

မင်္ဂလာမဆောင်ခင် ရှိထားသင့်တဲ့ အရေးအကြီးဆုံး အတွေ့အကြုံပါ။ ရန်ဖြစ်တာ၊ စကားများတာက ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သာမန်စကားများခြင်းဟာ အချစ်ရေးကို ပိုပြီးခိုင်မြဲစေတယ်လို့ ယုံကြည်ရပါတယ်။

၂။ မိဘတွေနဲ့တွေ့

သူ့မိဘ၊ ကိုယ့်မိဘ နှစ်ဖက်လုံးနဲ့ တွေ့ထားရမှာပါ။ ယောက်က္ခမတွေနဲ့ အဆင်ပြေလား၊ မပြေလား ဆိုတာကလည်း သင်တို့ရဲ့ အိမ်ထောင်ရေးကိုု အဆုံးအဖြတ် ပေးနိုင်ပါတယ်။

၃။ တိရိစ္ဆာန်အတူမွေး

 

အရေးမကြီးဘူးထင်ရပေမယ့် ဒါလည်း အတွေ့အကြုံရှိထားသင့်ပါတယ်။ နောင်တစ်ချိန်ကျမှ သင်က ခွေးချစ်ပြီးသူက ခွေးမချစ်တာ၊ သူကကြောင်ချစ်ပြီး သင်က ကြောင်ဆို မုန်းတာမျိုး ဖြစ်လာတတ်ပါတယ်။ ဒါတွေကို ကြိုသိထားသင့်တာပါ။

၄။ သူငယ်ချင်းတွေနဲ့ အပြန်အလှန် မိတ်ဆက်ထား

သူ့သူငယ်ချင်းတွေ ဘယ်သူလဲ၊ ဘာလုပ်လဲ ဆိုတာမျိုး သင်လည်းသိထားသင့်သလို၊ သင့်သူငယ်ချင်းတွေနဲ့လည်း သူ့ကိုမိတ်ဆက်ထားပေးရမှာပါ။

၅။ ပိုက်ဆံပြတ်သွားတဲ့ အတွေ့အကြုံ

မင်္ဂလာမဆောင်ကြခင်မှာ ပိုက်ဆံပြတ်သွားတဲ့ အတွေ့အကြုံကိုလည်းရထားသင့်ပါတယ်။ ဒါမှသင်ပိုက်ဆံပြတ်တာ သူဘယ်လိုတုန့်ပြန်မလဲဆိုတာနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို သိရမှာ ဖြစ်ပါတယ်။

၆။ အကျင့်ဆိုးများ

 

လူတိုင်းမှာ အကျင့်ဆိုးရှိတတ်ပါတယ်။ ရည်းစားဘဝမှာ ထိန်ချန်လျှို့ဝှက်ကာ လူသိမခံခဲ့တဲ့ အကျင့်ဆိုးတွေဟာ အတူနေတဲ့အချိန် ရောက်မှ ပေါ်လာတဲ့အခါ ပိုပြီးတော့ဆိုးတတ်ပါတယ်။

၇။ လူခွဲပြီး အပြင်ထွက်ခြင်း

ညဘက်တွေမှာ သူငယ်ချင်းအချို့နဲ့ အပြင်ထွက်တဲ့အခါ လူခွဲပြီး ထွက်တဲ့ အတွေ့အကြုံကို ယူထားသင့်ပါတယ်။ ဒါမှ အိမ်ထောင်ကျတဲ့အခါ တစ်ယောက်အပြင်ထွက်ရင် တစ်ယောက်မကျေနပ်တာမျိုး မဖြစ်မှာပါ။ အမြဲတမ်းတော့ ညဘက်တွေ ထွက်မနေသင့်ပါဘူး။

၈။ ပြန်တောင်းပန်ခြင်း

ကိစ္စတစ်ခုခု ဖြစ်လာရင် ဘယ်တော့မှ ပြန်မတောင်းပန်တတ်တဲ့အကျင့်ဟာ အိမ်ထောင်ရေးအတွက် ရန်သူဖြစ်ပါတယ်။ ကိုယ့်အမှားဖြစ်စေ၊ သူ့အမှားဖြစ်စေ မကြီးကျယ်တဲ့ကိစ္စတွေမှာဆို ကိုယ့်ဘက်က စပြီးတောင်းပန်ဖို့သာ စဉ်းစားထားပါ။

၉။ ခရီးအတူထွက်ကြည့်ခြင်း

 

ခရီးထွက်တဲ့အခါ လူတွေရဲ့အကျင့်ဟာ ပိုပြီးပေါ်လာလေ့ရှိပါတယ်။ ဒီတော့ သူဖုံးကွယ်ထားတဲ့ အကျင့်တွေရှိရင် သိရအောင် အိမ်ထောင်မပြုခင် ခရီးထွက်ကြည့်ပါ။

Source : Metro

Share

Loading Next Article...
က္က