၁ - ကိုယ့်အကြောင်းပဲ ကိုယ်ပြောချင်တယ်

စကားပြောရင် ကိုယ့်အကြောင်းပဲ ကိုယ်ပြောတယ်၊ စကားဝိုင်းမှာ တခြားလူတွေပြောတာကို နားမထောင်ချင်ဘူး။ ကိုယ်က အရေးကြီးဆုံးလို့ထင်တယ်၊ ကိုယ်ပြောတာကို တစ်ဖက်လူတွေ စိတ်ဝင်စားမယ်လို့ ထင်တယ်။ ဒီလိုစရိုက်မျိုးကြောင့် သင့်ကို လူတွေ မနှစ်သက်တာပါ။ ဒါပေမဲ့ ဒီလိုစရိုက်ရှိသူတွေဟာ ကိုယ့်ကိုယ်ကိုယ် ရှိနေမှန်းတောင် မသိကြပါဘူး။

၂ - အပြင်ပန်းအလှ

တကယ့်အလှက နှလုံးသားက လာတာဆိုပေမဲ့လည်း အပြင်ပန်းအလှကို ကြည့်ပြီးဆုံးဖြတ်တတ်ကြပါတယ်။ ဒါပေမဲ့ အပြင်ပန်းအလှကို လိုတာထက်ကိုပိုပြီး နှစ်သက်ကြောင်းပြတတ်သူတွေကို လူတွေက မနှစ်သက်တတ်ကြပါဘူး။

 

၃ - မကောင်းမြင်စိတ်

မကောင်းမြင်စိတ်ကြီးမားတာဖြစ်ပါတယ်။ တစ်ခုခု သင့်ကိုပြောပြတဲ့အခါ မကောင်းမြင်တဲ့ဘက်က မှတ်ချက်ပေးတတ်တာပါ။ တစ်ဖက်သား လုပ်ကိုင်နေတာကို အပျက်ဘက်ကနေ ပြောတတ်ပါတယ်။ ဒီလိုလူမျိုးဟာ တစ်ဖက်သားအတွက် ဘယ်လိုမှကို ဆွဲဆောင်မရှိနိုင်ပါဘူး။

 

၄ - မှီခိုလွန်း

သင့်မှာ တစ်ဖက်လူက အားထားရလောက်တဲ့၊ အကူအညီတောင်းရလောက်တဲ့၊ မှီခိုရလောက်တဲ့ အရည်အချင်းမရှိပါဘူး။ ဒါပေမဲ့ သင်ကတော့ လူတွေပေါ် မှီခိုလွန်းပါတယ်။ ဘယ်အရာမဆို ကိုယ့်ကိုယ်ကိုယ် မှီခိုမှုမရှိဘဲ တခြားလူတွေပေါ်မူတည်ပြီး လုပ်ကိုင်နေထိုင်တာဟာ သင့်အပေါ်လေးစားမှုကို လျော့ကျသွားစေပါတယ်။ 

 

၅ - ဆရာကြီးလုပ်လွန်း

ဆရာကြီးလုပ်လွန်းတာဖြစ်ပါတယ်။ ငါပြောတာကမှ အမှန်၊ ငါပြောတာကိုပဲ နားထောင်ဆိုတဲ့အကျင့်မျိုးရှိပါတယ်။ အပေါင်းအသင်းတွေကြားမှာလည်း သင်ကပဲ ဆုံးဖြတ်ချက်တွေ ချချင်ပါတယ်။

၆ - အရင်းနှီးဆုံးမိတ်ဆွေ

အရင်းနှီးဆုံးမိတ်ဆွေတွေကို ရန်သူလို သဘောထားပါတယ်။ သူတို့ကိုပြိုင်ဆိုင်တာတွေ လိုက်လုပ်ပါတယ်။ သူတို့အောင်မြင်မှုတစ်ခုရတဲ့အခါ နှိမ်ချတဲ့အပြောအဆိုမျိုး လုပ်ပါတယ်။

Photos & Source: Lifehack

Share

Loading Next Article...
က္က