ခွင့်လွတ်တယ်ဆိုတာ သင့်အပေါ် အမှားလုပ်လို့ ဒီလူကို ခွင့်လွှတ်တာ မဟုတ်ပါဘူး။

မနာလိုမှုဟာ ကိုယ့်မှာ မရှိတာကို တခြားလူမှာရှိတဲ့အခါ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုပါ။ တစ်စုံတစ်ယောက်ကို မနာလိုခြင်းဟာ သင့်ရဲ့ တစ်စုံတစ်ခုကို လုံလောက်တဲ့ အခြေအနေမရှိမှုက ထွက်ပေါ်လာတာပါ။

၁ - ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် မဆုံးဖြတ်နဲ့

သင့်ကိုသင် ပြင်းပြင်းထန်ထန် အကဲဖြတ်တာတွေ မလုပ်ပါနဲ့။ သင်က မစွမ်းတာ၊ သင်က ညံ့ဖျင်းတာတွေကြောင့်လို့ ကိုယ့်ကိုယ်ကိုယ် မပြောပါနဲ့။ သင့်ကိုယ်သင် စိတ်ရှည်ဖို့ လိုပါတယ်။ သင့်အလှည့်ရောက်လာမှာဖြစ်ပြီး ရောက်လာတဲ့ အခြေအနေကို အသုံးချနိုင်ဖို့အတွက် ဆက်ကြိုးစားနေဖို့ လိုပါတယ်။

 

၂ - ခွင့်လွှတ်

သင်မနာလိုတဲ့လူကို ခွင့်လွှတ်ပါ။ ခွှင့်လွတ်တယ်ဆိုတာ သင့်အပေါ် အမှားလုပ်လို့ ဒီလူကို ခွင့်လွှတ်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ အခြေအနေကို သူတို့ရဲ့အမြင်ကနေ ဝင်ကြည့်ပေးတာ ဖြစ်ပါတယ်။

 

၃ - အသွင်ပြောင်းပါ

မနာလိုမှု ဖြစ်တာနဲ့ စိတ်မှာ ချက်ချင်းဖျောက်ရမှာပါ။ ဒီ့အတွက် အကောင်းဆုံးနည်းလမ်းက တစ်ဖက်လူရဲ့ အောင်မြင်မှုကို ချီးကျူးလိုက်တာ ဖြစ်ပါတယ်။

 

၄ - ရည်မှန်းချက်

သင့်မနာလိုမှုတွေကို အပြင်ကို ထုတ်ပြမယ့်အစား ရည်မှန်းချက်အဖြစ် ပြောင်းလဲပါ။ သင့်ကိုယ်သင်ပြန်သုံးသပ်ပြီး လက်တွေ့ကျတဲ့ ရည်မှန်းချက်တွေကို ချမှတ်ပါ။

Photos & Source: wikiHow

Share

Loading Next Article...
က္က