လူမှုကွန်ယက်ပိုသုံးလေလေ အချစ်ရေး အဆင်မပြေလေ ဖြစ်ပါတယ်။
 

ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်တို့လို လူမှုကွန်ယက်တွေ သုံးစွဲခြင်းဟာ ယနေ့ခေတ် စုံတွဲတွေရဲ့ အနာဂတ်ကို တစ်စိတ်တစ်ပိုင်း ပါဝင် ဆုံးဖြတ်ပေးနိုင်တဲ့အရာလို့ လေ့လာသူတွေကောက်ချက်ချထားကြပါတယ်။

ဖေ့စ်ဘွတ်လို လူပေါင်းစုံရှိတဲ့ လူမှုကွန်ယက်မျိုးကို အလွန်အကျွံသုံးစွဲမိတဲ့ စုံတွဲတွေဟာ သာမန်စုံတွဲတွေထက် ပျော်ရွှင်နိုင်ချေ နည်းပါးတယ်ဆိုတာကို သက်သေပြနေတဲ့ လေ့လာချက်တွေရှိပါတယ်။

၁။ စိတ်ကျန်းမာရေး  မကောင်းနိုင်

ရုပ်ရှင်တွေထဲကလို သွက်သွက်ခါအောင် ရူးသွားမယ်လို့ ဆိုချင်တာ မဟုတ်ပါဘူး။ ဖေ့စ်ဘွတ်မှာ ပို့စ်အတင်များခြင်းနဲ့ စိတ်ကျန်းမာရေး အခြေအနေဟာ တစ်နည်းတစ်ဖုံဆက်စပ်နေတာကို ပြောတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း လူပေါင်း ၈၀၀ ကိုလေ့လာမှု လုပ်ခဲ့ပြီးနောက် ပို့စ်များများတင်ခြင်းနဲ့အတူ ဂုဏ်မောက်ခြင်း၊ အတ္တကြီးခြင်း၊ စိတ်ပုံမှန်မဟုတ်ခြင်းတို့ဟာ အတူကပ်ပါလာတာကိုတွေ့ရတယ်လို့ သိရပါတယ်။

၂။ အတ္တကြီးခြင်း

 

ဖေ့စ်ဘွတ်မှာ ပို့စ်များများတင်ခြင်း၊ tag တွဲခြင်းနဲ့ မှတ်ချက်တွေ ပေးခြင်းတို့ဟာ အမျိုးသားရော အမျိုးသမီးတွေကိုပါ အတ္တပိုကြီးလာစေတတ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ အတ္တကြီးခြင်းဟာ သမီးရည်းစား ဆက်ဆံရေးမှာ ကြီးမားတဲ့ အဟန့်အတား တစ်ခုပါ။

၃။ ပိုပျော်ရွှင်နိုင်သူများ

ဒိန်းမတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ စုံတွဲတွေကို အုပ်စုနှစ်စုခွဲခိုင်းပြီး အုပ်စုတစ်ခုကိုတော့ ေ့ဖစ်ဘွတ်နဲ့ အင်စတာဂရမ်လို လူမှုကွန်ယက်တွေ တစ်ပတ်လောက် မသုံးပဲ နေခိုင်းလိုက်ပါတယ်။ ကျန်တစ်ဖက်ကိုတော့ ပုံမှန်အတိုင်း ဆက်လက်သုံးစွဲစေပါတယ်။ အဲဒီအခါ လူမှုကွန်ယက်ဖြစ်ထားတဲ့ သူတွေက ပိုပျော်ရွှင်လာကြပြီး ဖေ့စ်ဘွတ်မှာ အချိန်ကုန်နေသူတွေကတော့ စိတ်ကျန်းမာရေးတောင်ပိုဆိုးလာတာ တွေ့ရပါတယ်။ အခြားသူရဲ့ အခြေအနေနဲ့ ကိုယ့်ရဲ့အခြေအနေ နှိုင်းယှဉ်ပြီး စိတ်အလိုမကျမှုတွေ များလာကြာတာလည်း တွေ့ရပါတယ်။

၄။ စိတ်မလုံခြုံမှု

 

Insecure လို့ ခေါ်တဲ့ စိတ်မလုံခြုံမှု၊ ယုံကြည်ချက်ကင်းမဲ့မှုတွေဟာလည်း ဖေ့စ်ဘွတ်စွဲလန်းနေသူတွေများ အဖြစ်များတတ်ပြန်ပါတယ်။ Northwestern တက္ကသိုလ်ရဲ့ လေ့လာချက်အရ ဖေ့စ်ဘွတ်မှာ ပို့စ်ခဏခဏ တင်သူတွေက သူတို့ရဲ့ ချစ်သူရည်းစား ဆက်ဆံရေးအပေါ် စိတ်မချမှု၊ စိတ်မလုံခြုံမှု ပိုခံစားရတတ်တယ်လို့ သိရပါတယ်။

Source : Life

Share

Loading Next Article...
က္က