ကိုယ့်ချစ်သူရဲ့ဘေးမှာ ရှိနေချိန်ဆိုရင် လုံခြုံစိတ်ချရမှုကို ခံစားနေရတတ်ပါတယ်။
 

ရင်ခုန်လိုက်တိုင်း အချစ်မဟုုတ်ဘူးဆိုတာတော့ နားလည်ထားပြီးသားပါ။ ဒါပေမဲ့ တစ်ခါတစ်ခါကျတော့လည်း ရင်ခုန်တာ၊ သဘောကျတာကိုပဲ အချစ်လို့ မှားယွင်းယူဆတတ်ကြပါတယ်။ တကယ်မချစ်ဘဲ နှစ်သက်ရုံလောက်ခံစားချက်ကို အချစ်လို့မှတ်ထင်ပြီး ဖူးစာဖက်အဖြစ် ရွေးချယ်လိုက်မိကာမှ နောင်တရတတ်တာမို့ ကိုယ့်စိတ်ကို ပြန်ဆန်းစစ်ဖို့က အရေးကြီးဆုံးပါပဲ။ အချစ်နဲ့လူမှုဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ရေးသားဖော်ပြမှုအရဆိုရင်တော့ အတော်များများနဲ့ တိုက်ဆိုင်နေတယ်ဆိုရင် သင်က သူ့ကိုတကယ်ချစ်မိနေတာ သေချာပါသတဲ့။

၁။ သူနဲ့တွေ့တိုင်း ကလေးတစ်ယောက်လို တက်ကြွနေမိတယ်

ကိုယ့်ရဲ့နှလုံးသားနဲ့ မသိစိတ်ထဲမှာ ကိုယ်တောင့်တတဲ့ချစ်သူမှန်း သိနေပြီဆိုရင် ဒီလိုမျိုး ပျော်ရွှင်မြူးတူးသွားတာပါပဲ။ သိစိတ်ကတောင် ချစ်၊မချစ် မသေချာသေးချိန်မှာ မသိစိတ်က သူ့ကိုချစ်နေမိတာမျိုးပေါ့။

၂။ သူ့အကြောင်းတွေးမိတိုင်း ပျော်ရွှင်ရတယ်

စိတ်လှုပ်ရှားတဲ့အခါ နှလုံးက အက်ဒ်ရီနာလင်လို့ခေါ်တဲ့ အရာတစ်မျိုးထုတ်ပေးပါတယ်။ နှလုံးခုန်နှုန်း၊ စွမ်းအင်နှင့်တုံ့ပြန်မှုကို ပိုမိုထက်မြက်စေတဲ့အရာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူ့အကြောင်းကိုတွေးလိုက်မိရုံနဲ့ ရင်တွေခုန်ပြီး စိတ်တွေလှုပ်ရှားရပါတယ်။

၃။ ဗိုက်မကောင်း

အချစ်ကြောင့် အစာအိမ်ကိုသက်ရောက်မှုဖြစ်စေကြောင်း ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ စိတ်လှုပ်ရှားခံစားမှုတွေကြောင့် အစာအိမ်မှာ မတည်မငြိမ်ဖြစ်ကာ ဗိုက်မကောင်းတာမျိုးလည်း ကြုံရနိုင်ပါသတဲ့။

3BB321AF00000578-4073446-image-a-33_1483021756802.jpg 

၄။ သိဖူးသလိုလို

ဖူးစာဆိုတာ ဒီလိုမျိုးပေါ့။ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်မှာတင် ယခင်တည်းက သိကျွမ်းထားဖူးသူလိုမျိုး ခံစားနေမိတာကို ဆိုလိုပါတယ်။

၅။ သူက ပထမဦးစားပေး

သူကများ ချိန်းတွေ့ဖို့ ပြောလာပြီဆိုရင် ကိုယ်အရင်စီစဉ်ထားသမျှတွေ ဘွတ်ကင်တင်ထားတာတွေ အားလုံးကို ဖျက်လိုက်မိတာပါပဲ။

၆။  လုံခြုံစိတ်ချရမှု

ကိုယ့်ချစ်သူရဲ့ဘေးမှာ ရှိနေချိန်ဆိုရင် လုံခြုံစိတ်ချရမှုကို ခံစားနေရတတ်ပါတယ်။

၇။ သူ့ကိုပျော်စေချင်တယ်

တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ သူ့ရဲ့ပျော်ရွှင်မှုကို လိုလားပါတယ်။ ကိုယ်လုပ်နေကြမဟုတ်တာတွေ၊ ကိုယ်မကြိုက်တဲ့အရာတွေကိုတောင်မှ သူပျော်ရွှင်မယ်ဆို လိုက်လျောမိသွားပါတယ်။

၈။ ပေးဆပ်ချင်

သူ့ကိုချစ်မိတဲ့စိတ်ဟာ သူ့အတွက် ပေးဆပ်ချင်စိတ်တွေ ဖြစ်ပေါ်လာစေပါတယ်။ သူ့အတွက်ပဲ ဦးစားပေးစဉ်းစားပေးဖြစ်လို့ သူလိုအပ်တာတွေကို ဖြည့်ဆည်းပေးချင်စိတ် အလိုလိုဖြစ်နေရောလေ။

3BB321A500000578-4073446-image-a-37_1483021828785.jpg

၉။ အနာဂတ်ကို စိတ်ကူးယဉ်မိ

အချစ်မှာ ပျော်ဝင်မိသွားပြီဆိုတာနဲ့ သူနဲ့ရှေ့ဆက်မယ့် အနာဂတ်ကို အမြဲတမ်းတွေးတောနေမိပါတယ်။ ကိုယ့်ရဲ့အနာဂတ်အတွက် ကိစ္စပေါင်းများစွာကို ကြိုတင်တွေးတောမိတတ်ကြတာပါပဲ။ ဒါပေမဲ့ ချစ်သူနဲ့အတူ ဘဝကိုဖြတ်သန်းဖို့၊ မင်္ဂလာဆောင်ဖို့ စတာတွေကို အမြဲလိုလို တွေးတောစိတ်ကူးနေမိပါတယ်။

Source : Mail Online

Share

Loading Next Article...
က္က