ချစ်နေလျက်နဲ့ ဖွင့်မပြောရဲဘူးဆိုရင်လည်း ဒါတွေလုပ်ပေးလိုက်ပါ။
 

ကိုယ်ချစ်တဲ့လူဆီက ဂရုစိုက်ပေးတာကို ခံယူချင်ကြသူတွေချည်းပဲမဟုတ်ပါလား။ ကိုယ်ချစ်ရသူအတွက် အချစ်တွေကို ထုတ်ဖော်ပြသလိုက်ပါ။

(၁) အချိန်ပေးပါ

သူလိုအပ်နေချိန်မှာ ကိုယ်က ရှိနေပေးပြီး အားလပ်ချိန်တွေကို သူနဲ့ဖြတ်သန်းပါ။ တစ်စုံတစ်ယောက်ကိုပေးဖို့အတွက် အကောင်းဆုံးလက်ဆောင်က ကိုယ့်ရဲ့အချိန်ပါပဲ။ လိုအပ်ချိန်တိုင်း ဘေးမှာရှိနေပေးတဲ့လူကို ဘယ်သူမဆိုနှစ်သက်ကြပါတယ်။

(၂) နားထောင်ပါ

ပျော်စရာတွေကို ပြန်ပြောတာဖြစ်ဖြစ် စိတ်ညစ်စရာတွေ ရင်ဖွင့်လာရင်ဖြစ်ဖြစ် ငြိမ်ငြိမ်သက်သက်လေး နားထောင်ပေးတတ်ပါစေ။ သူ့အတွက်အသင့်တော်ဆုံးဖြစ်မယ့် အကြံဉာဏ်တွေကိုပေးတတ်ရင် ပိုကောင်းပါတယ်။

happy couple.jpg 

(၃) ပွေ့ဖက်ပါ

ပင်ပန်းနေတဲ့လူတစ်ယောက်အတွက် အလိုအပ်ဆုံးအရာက ပွေ့ဖက်ပေးတာပါပဲ။ ဒါက ခွန်အားဖြစ်စေသလို သူ့စိတ်ကိုလည်း လုံခြုံနွေးထွေးစေပါတယ်။ ကိုယ့်ချစ်သူ ပင်ပန်းနေချိန်ဆိုရင်တော့ နဖူးလေး၊ မေးစေ့လေးကို ခပ်ဖွဖွနမ်းပေးတာက မြတ်နိုးကြောင်းပြသရာရောက်သလို သူ့ကိုဂရုစိုက်ကြောင်း ပြသရာလည်းရောက်ပါတယ်။

(၄) အကူအညီဖြစ်ပါစေ

 သူ့ကို ငွေတွေပုံပေးခိုင်းလိုက်တာမဟုတ်သလို တိုက်တွေ၊ ကားတွေ ဝယ်ပေးလိုက်ပါလို့ မဆိုလိုပါဘူး။ သူလည်း လိုအပ်နေပြီး ကိုယ်လည်းတတ်နိုင်တဲ့အရာလေးတွေ ဖြည့်ဆည်းပေးဖို့ပါပဲ။ တစ်ယောက်တည်းမသွားရဲလို့ လိုက်ပို့ပေးဖို့လိုတဲ့အခါမျိုးတွေ၊ နေမကောင်းဖြစ်နေချိန်မှာ ဆေးဝယ်ပေးတာမျိုးတွေက အပန်းမကြီးဘူးမဟုတ်လား။

happy-couple.jpg 

(၅) အံ့သြပျော်ရွှင်ပါစေ

Surprise ဆိုတဲ့အရာကို လူတိုင်း လိုချင်ကြပါတယ်။ ရုတ်တရက် အံ့သြဝမ်းသာသွားအောင်လုပ်ဖို့က ပစ္စည်းပစ္စယတွေ ဖြစ်ချင်မှ ဖြစ်မှာပါ။ သူ့မွေးနေ့တို့ မှတ်ပုံတင်နံပတ်တို့ကို မှတ်ထားပေးပြီး လိုအပ်ချိန်မှာ ပြောပြပေးနိုင်ရင်လည်း သူပျော်ရွှင်ရပါလိမ့်မယ်။ သူ့ကို ကြိုအသိမမေးဘဲ သူ့မွေးနေ့မှာ အလှူအတန်းလုပ်ပေးတာ၊ လက်ဆောင်ပေးတာမျိုးပေါ့။

(၆) လက်ဆောင်

တကယ်လို့ သူက အဝေးရောက်နေရင် လက်ဆောင်လေးပို့ပေးလို့ရတယ်မဟုတ်လား။ တန်ဖိုးက အရေးမကြီးပါဘူး။ ရောက်အောင်ပို့ပေးတယ်ဆိုတဲ့ စိတ်ကလေးသာ အဓိကအနနဲ့ သူ့ကိုပီတိဖြစ်စေမှာပါ။

Couplecookingtogether-850x571.jpg 

(၇) ချက်ပြုတ်ကျွေးမွေးပါ

ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ်ချစ်တဲ့လူက ကိုယ့်ကို ချက်ပြုတ်ကျွေးမွေးတာ နှစ်သက်ပါတယ်။ ဒါဟာ သူ့ကိုအပြည့်အ၀ ဂရုစိုက်တယ်လို့ ဆိုလိုရာလည်း ရောက်ပါသတဲ့။

(၈) ထောက်ခံအားပေးပါ

လူတိုင်း အမှားနဲ့မကင်းပါဘူး။ သူ့မှာ အမှားအယွင်းတွေ ၊ အဆင်မပြေမှုတွေ၊ ကျရှုံးမှုတွေ ရှိလာတဲ့အခါ ကိုယ်က နားလည်အားပေးသင့်ပါတယ်။ သူ့အမှားကြောင့် ပတ်ဝန်းကျင်က အပြစ်တင်တာခံနေချိန်မှာ ကိုယ်က ထွက်မသွားဘဲ အားပေးရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က